သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-02
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး အတွက် မမှိတ်မသုံ ဆက်လက် ဦးဆောင် လှုပ်ရှားနေမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ တောင်အာဖရိကနိုင်ငံရဲ့ နာမည်ကြီး Johnannesburg တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။
2011-10-02
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ KIO နဲ့ အစိုးရတပ်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် အတွင်း ဘေးလွတ်ရာ ထွက်ပြေးရသူ ဒေသခံ ၁ ထောင်လောက် ရှိသွားပြီလို့ သိရပါတယ်။
2011-10-02
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာရှိတဲ့ ပြည်မြန်မာ ကုန်တိုက်ထဲက ဆိုင်ခန်းတွေကို အဓမ္မ ရွှေ့ပြောင်းခိုင်းတာကြောင့် ဆိုင်ခန်းပိုင်ရှင် ၂ဝ နီးပါး အောက်တိုဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
2011-10-02
ဦးသိန်းစိန် အစိုးရအနေနဲ့ လယ်သမားတွေ၊ အခြေခံ လူတန်းစားတွေရဲ့ ဘဝတိုးတက်ရေး လုပ်ငန်းတွေကို မူဝါဒ ချမှတ်ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြည်ထောင်စု စီးပွားရေးဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
2011-10-02
လာမယ့် ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာစီယံအဖွဲ့ အလှည့်ကျသဘာပတိ နေရာပေးရေးအတွက် အခြေအနေတွေကို လေ့လာဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါဟာ မြန်မာနိုင်ငံကို အခု လလယ်ပိုင်းမှာ သွားရောက်မယ်လို့ ရန်ကုန်မြို့ အင်ဒိုနီးရှားသံရုံးက ကြေညာထားပါတယ်။
2011-10-02
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- လက်ရှိ မြန်မာနိုင်ငံမှာ အကောင်းဘက်ကို ဦးတည်တဲ့ တိုးတက်မှုလမ်းစတွေ ပေါ်ထွက်နေပြီ ဆိုတဲ့ သတင်းတွေကို အခြေပြုပြီး ဆွေးနွေးထားကြပါတယ်။
2011-10-01
အိန္ဒိယပိုင် မဏိပူရ် ပြည်နယ်က လူမျိုးစု အချင်းချင်း အခြေအနေ တင်းမာနေတဲ့အတွက် အိန္ဒိယနဲ့ မြန်မာအကြား အကြီးဆုံး ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ တမူးနဲ့ မိုးရေး နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။
2011-10-01
ငြိမ်းချမ်းရေးဆွေးနွေးဖို့ “ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ” UNFC က ချမှတ်ထားတဲ့ မူအတိုင်း တပြည်လုံး အတိုင်းအတာနဲ့ ဆွေးနွေးဖို့သာ လိုလားကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက အစိုးရကိုယ်စား လာရောက်တဲ့ စေ့စပ်ရေးအဖွဲ့ကို ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
2011-10-01
နော်ဝေနိုင်ငံ အခြေစိုက် ‘ဒီဗွီဘီ’ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနရဲ့ ပြည်တွင်းသတင်း လုပ်ငန်းမှာ ငွေကြေး အလွဲသုံးစားမှု ရှိကောင်းရှိနိုင်တယ် ဆိုပြီး ဒီဗွီဘီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2011-10-01
စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် သံအမတ်ကြီး ဒဲရစ်ခ် မစ်ချဲလ်နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံတာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။