သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-18
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကလေးအပါအဝင် မိသားစုလိုက် အသတ်ခံရတာနဲ့ ပတ်သက်လို့ သံသယရှိသူ ၃ဦးထဲက တစ်ဦးကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
2018-12-18
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ်အတွက် ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းကြောင်း တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ May 18 Memorial Foundation မေ ၁၈ အမှတ်တရ ရန်ပုံငွေအဖွဲ့က ဒီကနေ့ ကြေညာလိုက်ပါတယ်။
2018-12-18
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမချောင်းထဲမှာ ငါးရှာနေတဲ့ ကြိမ်ချောင်းကျေးရွာက မာရမာကြီး တိုင်းရင်းသားနှစ်ဦးကို အမည်မသိလူတစ်စုက မနေ့ညက တိုက်ခိုက်ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်စွာရရှိပြီး မောင်တောဆေးရုံကို ဒီနေ့မနက်က ပို့ဆောင်လိုက်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ က ပြောပါတယ်။
2018-12-18
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် မီးချောင်းခုတ်နဲ့ အဝ ကျေးရွာနှစ်ရွာက လူဦးရေ ၁၂၀ ခန့်ရှိတဲ့ အိမ်ထောင်စု ၃၀ ကျော်ဟာ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးကျေးရွာကို မနေ့က ထွက်ပြေးရောက်ရှိလာကြပါတယ်။
2018-12-18
ထောင်ချခံရတဲ့ ကချင်တိုင်းရင်းသား ၃ ဦး အမှုကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ လူငယ် သုံးဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက ငွေဒဏ်အသီးသီး ကျခံဖို့ ဒီနေ့ မနက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။
2018-12-18
ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဟာ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ဖို့ ပျက်ကွက်နေတယ်လို့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တချို့က ဝေဖန်လိုက်ပါတယ်။
2018-12-18
ရခိုင်ပြည်နယ်မှာ ရပ်ရွာအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းတွေကို အစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့က ကြေညာပါတယ်။
2018-12-17
မြန်မာနိုင်ငံရဲ့ အခုလတ်တလော ပြင်ဆင်လိုက်တဲ့ မြေယာ ဥပဒေသစ်ကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေ မြေယာတွေ ဆုံးရှုံးသွားရဖွယ်ရှိပြီး၊ အစိုးရ နဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကြားက ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း ထိခိုက်သွားနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
2018-12-17
လားရှိုးနည်းပညာတက္ကသိုလ်မှာ စာရွက်စာတန်းကြေးတွေ ကောက်ခံမှု ကြီးမြင့်နေတာ အပါအဝင် ကျောင်းတွင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ပဉ္စမနှစ် ကျောင်းသားတစ်ဦးက ဒီဇင်ဘာလ ၁၇ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။
2018-12-17
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဟာ လာအို နိုင်ငံမှာ ဒီဇင်ဘာ ၁၇ ရက် မနေ့က စတင်ကျင်းပတဲ့ စတုတ္ထ အကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို တက်ရောက်နေပါတယ်။
2018-12-17
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အရေးယူရေးအတွက် လုံခြုံရေးကောင်စီက လွှဲပြောင်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်ဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2018-12-17
အကျဉ်းကျခံနေရတဲ့ မနန်ပူ၊ ကိုဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ သုံးဦးကို လွှတ်ပေးဖို့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကချင်ကွန်ဂရက်က ဒီနေ့ရက်စွဲနဲ့ စာပေးပို့တောင်းဆိုလိုက်ပါတယ်။
2018-12-17
ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC မှာ တင်ပြအရေးယူနိုင်ရေးအတွက် အမေရိကန်အစိုးရကို ရိုဟင်ဂျာအဖွဲ့ ၂၃ ဖွဲ့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2018-12-17
တရုတ်နိုင်ငံဘက်မှာ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာတွေ ရှိနေပေမယ့် မြန်မာနိုင်ငံဘက်ကနေ အလုပ်လုပ်ဖို့ သွားနေကြသူတွေကို မူဆယ်နယ်စပ်ဂိတ်တွေမှာ နေ့စဉ် အများအပြား တွေ့နေရပါတယ်။
2018-12-17
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဟာ အမည်ခံရပ်တည်မနေဘဲ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ဖို့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တချို့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။