သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-20
အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေးအတွက် အဓိက စိန်ခေါ်မှု အခက်အခဲတွေထဲမှာ လူ့အခွင့်အရေးပြဿနာတွေပါဝင်ပြီး ကုမ္ပဏီတွေအနေနဲ့ ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်နစ်နာရမယ့် အန္တရာယ်တွေလည်း ပါဝင်နေပါတယ်။
2019-08-20
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အစိုးရကအဆိုပြုထားတဲ့ လုပ်ငန်းစဉ် ၄ ရပ်ကို စက်တင်ဘာလမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
2019-08-20
ကချင်ပြည်နယ်၊ တနိုင်းဒေသက ပယင်းမှော်တွေမှာ တရားဝင်တူးဖော်ခွင့်ပေးဖို့ စီစဉ်နေတာဟာ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိခိုက်လာမှာ စိုးရိမ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့က ပြောပါတယ်။
2019-08-20
သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဂုတ်တွင်းတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်ခဲ့ပြီး ဒီနေ့မှာ မော်တော်ယာဉ်တွေ ပြန်လည်ဖြတ်သန်းခွင့် ပေးလိုက်ပါတယ်။
2019-08-20
7 July အထိမ်းအမှတ် လမ်းလျှောက်ချီတက်ခဲ့တာကို ခွင့်ပြုချက် မတောင်းဘဲပြုလုပ်ခဲ့တာကြောင့် တကသ ကျောင်းသား နှစ်ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ ရန်ကုန်၊ လှိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက် ချမှတ်လိုက်ပါတယ်။
2019-08-20
၂ဝ၁၉ ခုနှစ် ဧပြီလနဲ့မေလအတွင်း အကျဉ်းသား နှစ်သောင်းသုံးထောင်ကျော်ကို သုံးကြိမ်ခွဲပြီး လွှတ်ပေးခဲ့တဲ့ကိစ္စဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့လား၊ လွတ်ငြိမ်းချမ်းသာခွင့်လား ဆိုတာကို သိလိုကြောင်း ဒုတိယသမ္မတဟောင်း တစ်ဦးဖြစ်သူ USDP ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထွန်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2019-08-20
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ရေကြီးမှုနဲ့မြေပြိုမှု အခြေအနေတွေနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA ဝိုင်းတော်သူ မအေးအေးမွန်က တွေ့ဆုံမေးမြန်းထားပါတယ်။
2019-08-20
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အခြေစိုက် အမှတ် (၃၂) လုံခြုံရေးရဲတပ်ရင်းက ယာဉ်လေးစီးဟာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်နားမှာ နှစ်ကြိမ်တိုင် မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် ဒုရဲမှူးတစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-08-20
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦး အမှုမှာ မနေဇာထွန်းနဲ့ ပတ်သက်ပြီး တရားလိုဖြစ်သူ ရဲမှူးချုပ်မောင်မောင်ရဲ့ တိုင်ကြားမှုတွေ လွဲချော်နေတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောပါတယ်။
2019-08-20
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အစိုးရကအဆိုပြုထားတဲ့ လုပ်ငန်းစဉ် ၄ ရပ်ကို ကရင် အမျိုးသား အစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ပြင်ဆင်လိုတဲ့အချက်တွေ အစိုးရဘက်ကို တင်ပြခဲ့ရာမှာ အားလုံးကို သဘောတူညီမှုမရသေး တာကြောင့် လာမယ့် စက်တင်ဘာလ ပထမပတ်မှာ ညှိနှိုင်းဆွေးနွေးမှုတွေ ထပ်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။
2019-08-20
ပယင်းနဲ့ ရွှေထွက်ရှိတဲ့ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသက ဒေသခံတွေ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရချိန်မှာ ပယင်းမှော်တွေ တရားဝင်တူးဖော်လုပ်ကိုင်ခွင့် ချထားပေးဖို့ စီစဉ်နေတာကို ကန့်ကွက်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ KDNG ကနေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2019-08-20
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အတ္တရံမြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက်ကိုကျသွားပေမယ့် ကျေးရွာ ၂၀ ကျော်လောက်မှာ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်တွေ အများအပြားရှိတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ထံကနေ သိရပါတယ်။
2019-08-20
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲအတွင်း သေနတ်ကျည် ထိမှန်ထားတဲ့ ရွာသားနှစ်ဦးကို ကယ်ထုတ်ဖို့သွားတဲ့ လူမှုကူညီရေး အသင်းကားတွေကို ညီနောင်မဟာမိတ်အဖွဲ့က ခြောက်လှန့်ပစ်ခတ်ခဲ့တာကြောင့် မကယ်နိုင်ဘဲ နောက်ပြန်လှည့်ခဲ့ရပါတယ်။ တိုက်ပွဲတွေကြောင့် နမ့်ဖက်ကာမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်အကြားမှာ ဒဏ်ရာရသူတွေနဲ့ ခရီးသွားပြည်သူ ၄၀ ကျော်လောက် ပိတ်မိနေပါတယ်။
2019-08-20
စစ်ရေးအခြေအနေတွေ တင်းမာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့က မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်ဟာ မနေ့ညနေက ဓားထိုးခံရပြီး ကျောက်တော်ဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရပါတယ်။
2019-08-20
ဆဲဗင်းဇူလိုင်အထိမ်းအမှတ် လမ်းလျှောက်ချီတက်ခဲ့တာကြောင့် ကျောင်းသား နှစ်ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ ရန်ကုန်၊ လှိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက် ချလိုက်ပါတယ်။