သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-30
တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့ ၁၆ ဖွဲ့နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ RCSS/SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေး တပ်မတော်တို့ရဲ့ အစည်း အဝေးကို ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဒီနေ့ ကျင်းပကြပါတယ်။
2014-07-30
လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နေရာအတွက် ဒုတိယဝန် ကြီး ဒေါက်တာသန်းအောင်ကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ထံ မနေ့ကရက်စွဲနဲ့ သဝဏ်လွှာပေးပို့ အဆိုပြုလိုက်ပါတယ်။
2014-07-30
ကယားပြည်နယ် ဒီမောဆိုမြို့နယ်၊ အမှတ် ၃၆၀ အမြောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက် လို့ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ ဒီမောဆိုမြို့နယ် ‘ဒေါဆိုရှေ့’ ရွာအနီးက ရွာသား ၁၀ ဦးကို ဒီမောဆို မြို့နယ်ရဲစခန်းက ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2014-07-30
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ် နဲ့ ဆက်စပ်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေက ဖမ်းဆီးထားတဲ့ သူတွေထဲက ကြာနီကန် သချုႋင်းကို ဖျက်တယ် ဆိုပြီး ဖမ်းခံထားရသူတွေနဲ့ ဂျွန်းဗ လီဖျက်ဆီးခံရမှုနဲ့ ဖမ်းခံ ထားရသူတွေအတွက် ‘မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်း သိမ်းရေးကော်မတီ’ အဖွဲ့ဝင်ရှေ့နေတွေက ဥပဒေကြောင်း အရ ကူညီပေးမယ်လို့ ပြောပါတယ်။
2014-07-30
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်း မှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်နဲ့ တိုင်းရင်းသားတွေ အတွက် မိခင်ဘာသာစကားနဲ့ သင်ကြား ခွင့်တွေ မပါရှိ လို့ဆိုပြီး မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့ မှာ ကျောင်းသား ၆၀ လောက်က ဒီနေ့ ဆန္ဒပြ ကန့်ကွက် ခဲ့ကြပါတယ်။
2014-07-29
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင် တို့ကို နှုတ်ထွက် ခွင့်ပြုလိုက်ကြောင်း ဇူလိုင် ၂၉ ရက် မနေ့က ကြေညာလိုက် ပါတယ်။
2014-07-29
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်ညပိုင်းက အစိုးရတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်- TNLA အကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေ ဟာ နမ့်ခမ်းမြို့မှာ ယာယီ စစ်ဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ပြီး ခိုလှုံနေကြရပါတယ်။
2014-07-29
လာမယ့်ရွေးကောက်ပွဲတွေမှာ PR (ခေါ်) အချိုးကျကိုယ်စားပြု စနစ် ကျင့်သုံးရေးအဆိုနဲ့ ပတ်သက်ပြီး ပြည်သူလွှတ်တော်မှာ ဒီကနေ့ ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။
2014-07-29
စကိတ်စီးတဲ့ အားကစားနည်းဟာ မြန်မာနိုင်ငံမှာ အစပျိုးတဲ့အဆင့်မှာသာ ရှိနေပြီး တရားဝင် အားကစားတခုအဖြစ် သတ်မှတ်ထားတာ မရှိသေးပါဘူး။ လူငယ်တွေ အတော်များများကတော့ စကိတ်စီး ခြင်းကို အားကစားနည်းတခုအဖြစ် အစိုးရက အသိအမှတ်ပြုဖို့ လိုလားနေကြပါတယ်။
2014-07-29
ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ ဆေးမင်ကြောင် (ခေါ်) Tatoo ထိုးတဲ့ဓလေ့ဟာ မြန်မာနိုင်ငံက လူလတ်ပိုင်းလူငယ်ပိုင်းတွေကြားမှာ ခေတ်စားလာနေပါတယ်။
2014-07-29
အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ၆၃ ကြိမ်မြောက် ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် မယ့် မြန်မာအလှမယ်ရွေးချယ်ပွဲကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့ပါ တယ်။
2014-07-29
လှိုင်သာယာ၊ ညောင်တုန်း၊ ဟင်္သာတ ရထားလမ်းစီမံကိန်းအတွက် သိမ်းခံထား ရတဲ့ လယ်ယာမြေနဲ့ သီးနှံလျော်ကြေးတွေပေးဖို့ တောင် သူတွေက ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။
2014-07-29
ကေအိုင်အိုဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့က NCCT အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-07-29
ပဲခူးတိုင်းဒေသကြီးအတွင်းက လယ်ယာမြေ အငြင်းပွားမှု ပြဿနာတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေအရေး ကို တာဝန်ယူဖြေ ရှင်းမပေးတဲ့အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှုတ် ထွက်ပေးရေး ဆန္ဒပြဖို့ ဒေသခံတွေက ခွင့်ပြုချက်တောင်းခံ တာကို ပြည်မြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး က ငြင်းပယ်လိုက်တယ် လို့ သိရပါတယ်။
2014-07-29
ရခိုင်ပြည်နယ်အစိုးရက MSF ခေါ် နယ်စည်း မထားဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ် မှာ ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ် ချက်ကြောင့် ဒေသခံရခိုင်တိုင်းရင်းသားတွေ မကျေနပ် မှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့အတွက် တောင်းပန်ကြောင်းနဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေ ရဲ့ ဆောင်ရွက်ချက်တွေအ တွက် ပြည်နယ်အစိုးရက တာဝန်ယူကြောင်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့က သံဃာ့ အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ကို မနေ့က အကြောင်းကြားစာ ရေး သားပေးပို့ခဲ့ ပါတယ်။