သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-29
ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြို့နယ်အတွင်း လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် HRDP နဲ့ လှိုင်မြို့နယ် လူငယ်ကွန်ယက်တို့တွဲဖက်ပီး လူ့အခွင့်အရေး ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-07-29
Forum of Burmese in Europe ဥရောပရောက် မြန်မာများရဲ့ (၁၇) ကြိမ်မြောက် ညီလာခံကို ဇူလိုင်လ ၂၉ နဲ့ ၃ဝ နှစ်ရက်ဆက်တိုက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပနေရာမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် ပေါ်ပေါက်လာအောင် ဆောင်ရွက်ကြဖို့ အလေးထား ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
2011-07-29
မန္တလေးမြို့မှာ အခြေစိုက်တဲ့ အိန္ဒိယ ကောင်စစ်ဝန်ရုံးးက ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် ငွေကြေး အကူအညီ ဒေါ်လာ ၂ သန်း ကူညီဖို့ ကတိ ပေးခဲ့ကြောင်း သိရပါတယ်။
2011-07-29
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(Amnesty International) က မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား ကိုဇာဂနာ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို နယူးဇီလန်နိုင်ငံက မြို့ကြီးတွေမှာ လိုက်လံ ပြသနေရာမှာ စိတ်ဝင်စားသူ များပြားပြီး အောင်မြင်မှှု ရနေတယ်လို့ နယူးဇီလန်ရောက် မြန်မာ့အရေး လှှုပ်ရှားသူတွေက ပြောပါတယ်။
2011-07-28
မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို အစိုးရက တရားဝင်ဈေး ပြောင်းလဲ သတ်မှတ်မယ်လို့ သတင်းရရှိပါတယ်။
2011-07-28
မြန်မာ့ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး နဲ့အမျိုးသားသွေးစည်း ညီညွတ်ရေး တိုက်တွန်းကမ်းလှမ်းချက်ကို ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ ဖက်ဒရယ် ကောင်စီ UNFC က ကြိုဆိုထောင်ခံ လိုက်ပါတယ်။
2011-07-28
အမျိုးသား ရင်ကြားစေ့ရေးကို စစ်ရေးနည်းတွေနဲ့ တည်ဆောက်လို့မရနိုင်ဘဲ နိုင်ငံရေးနည်းလမ်း ဖြစ်တဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်းနဲ့သာ တည်ဆောက် သွားကြရပါမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ လက်နက်ကိုင် တိုင်းရင်းသား လေးဖွဲ့ထံ လိပ်မူပြီး ဒီနေ့ရက်စွဲနဲ့ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ရေးသားထား ပါတယ်။
2011-07-27
၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်သံဃာ ဖြစ်တဲ့ အရှင် ဂမ္ဘီရ ခေါ် ဦးစန္ဒောဘာသ ဟာ လက်ရှိမှာ ထောင်ဒဏ် ၆၈ နှစ် ကျခံနေရပါတယ်။
2011-07-27
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းလားမြို့ အခြေစိုက် ခလရ (၃၂၅) စစ်ကြောင်းနဲ့ SSA ရှမ်းပြည် မြောက်ပိုင်း တပ်တို့ ဒီကနေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
2011-07-27
မြစ်ကြီးနားကနေ ဖားကန့်ကျောက်စိမ်းတွင်း ဒေသကို သွားတဲ့လမ်းမှာ မနေ့ညနေက ကေအိုင်အိုနဲ့ မြန်မာအစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။
2011-07-27
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးချိန်မှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ မြန်မာ ကလေး ၆ ယောက်ကို ကယ်တင် နိုင်ခဲ့တယ်လို့ သိရပါတယ်။
2011-07-27
ရပ်ကွက် အာဏာပိုင်တွေ နဲ့ ညှိနှိုင်းပြီး အမေ့အိမ် စာသင်ကျောင်း တကျောင်းကို ဒေါပုံမြို့နယ်အတွင်း ဒီကနေ့ ဖွင့်လှစ် နိုင်ခဲ့တယ်လို့ သိရပါတယ်။
2011-07-27
ရှေ့လာမဲ့ ရွေးကောက်ပွဲတွေမှာ ပွင့်လင်းပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာအောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ ပြောပါတယ်။
2011-07-26
မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး ကြားနာပွဲ တစ်ရပ်ကို မနေ့က အမေရိကန် ကွန်ဂရက်စ် လူ့အခွင့်အရေး ကော်မရှင် ရှေ့မှောက်မှာ ကျင်းပခဲ့ရာမှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ US Campaign For Burma အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ Jennifer Quigley က ရိုဟင်ဂျာ ဒုက္ခသည်တွေ အကြောင်း တင်ပြခဲ့ပါတယ်။
2011-07-26
ကနေဒါနိုင်ငံက မြန်မာနိုင်ငံနဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေးဆိုပြီး မူဝါဒ ချမှတ် ဆောင်ရွက်လိုက်ရာမှာ အပြန်အလှန် သံအမတ်ကြီးတွေ ထားရှိရေး ပါဝင်ပေမယ့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မိန့်ကို ပြန်လည် ဖယ်ရှားရေး မပါဝင်သေးဘူးလို့ ကနေဒါ နိင်ငံခြားရေးဝန်ကြီး John Baird က ပြောကြားလိုက်ပါတယ်။