သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-29
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာပြည်ခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ မတွေ့ဆုံခင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့အတွက် Protocol နိုင်ငံတကာ သံတမန်ကျင့်ဝတ်ကို ချိုးဖေါက်ရာကျတယ်ဆိုတဲ့အချက်ကို ဗာတီကန်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ဝန်ခံလိုက်ပါတယ်။
2017-11-29
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ မြန်မာနိုင်ငံသူ နန်းမြင့်သိန်းအေး ဆိုသူကို ဘန်ကောက်မြို့မှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ မူးယစ်ဆေးဝါးကရ တဲ့ ထိုင်းဘတ်ငွေ သန်းပေါင်း တသန်းကျော်ကို ၁၀ နှစ်ကျော်ကြာ လွဲပြောင်းပေးမှုနဲ့ ဖမ်းဆီးလိုက် တာလို့ ဆိုပါတယ်။
2017-11-29
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေမှာ တိုင်းရင်းသားကျေးရွာတွေ ပိုမို တည်ထောင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် အတည်ပြုလိုက်ပါတယ်။
2017-11-29
ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေဟာ အသံမဲ့တွေရဲ့ အသံကို ကြားအောင် ကြိုးစားဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2017-11-29
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆိုလာမီး တပ်ဆင်ပေးမယ်ဆိုပြီး ထောင်နဲ့ချီတဲ့ အိမ်ထောင်စုတွေဆီကနေ ငွေကြေးလိမ်လည်သူ ၅ ဦးကို လပွတ္တာမြို့မရဲစခန်းမှာ ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှ က ဒီနေ့ ပြောပါတယ်။
2017-11-29
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ဦးဆောင်ပြီး ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာက ဖွံ့ဖြိုးတိုးတက်ရေးကျောင်းဖွင့်မယ့်ကိစ္စကို ရပ်ဆိုင်းထားဖို့ ပြည်နယ်အစိုးရက တားမြစ်လိုက်ပါတယ်။
2017-11-29
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ လယ်ယာမြေတွေကို အချိန်မီ ရိတ်သိမ်းနိုင်ဖို့ အခက်အခဲ တွေ့နေကြပါတယ်။
2017-11-29
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်လွှတ်တော်ကို ပွင့်လင်းမြင်သာစွာချပြပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2017-11-29
လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ပြင်ဆင်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံခြားသား သတင်းသမား ၂ ဦး နဲ့ မြန်မာနိုင်ငံသား ၂ ဦးကို နိုဝင်ဘာလ ၁ဝ ရက်နေ့က မောင်းသူမဲ့ ဒရုန်းအတွက် ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့ပါတယ်။
2017-11-28
ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်ဟာ ပါတီဌာနချုပ်ထံ ပါတီတာဝန်နဲ့ ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခွင့် တင်လိုက်ပါတယ်။
2017-11-28
ဗိုလ်ချုပ်ရုပ်ရှင်ကို ရန်ပုံငွေ သိန်းပေါင်း ရှစ်ထောင်နဲ့ နှစ်နှစ်အတွင်း ပြီးစီးအောင် ရိုက်ကူးသွားမယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေး တာဝန်ယူဆောင်ရွက်မယ့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောပါတယ်။
2017-11-28
ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ပြည်သူတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို လူထုအခြေပြုအဖွဲ့တွေက ဆောင်ရွက်နေပါတယ်။
2017-11-28
မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော်ကွန်ဗန်းရှင်းစင်တာ ၂ မှာ လူထုကို မိန့်ခွန်းပြောကြားသွားရာမှာ နိုင်ငံငြိမ်းချမ်းရေးရရှိဖို့ အားလုံးပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းသွားပါတယ်။
2017-11-28
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား ၂ နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။
2017-11-28
ကမ္ဘာတဝှမ်း နှစ်စဉ်သေဆုံးသူတွေရဲ့ ၂၈ ရာခိုင်နှုန်းဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားစဉ်သေဆုံးရတာဖြစ်ပြီး ကလေး အရှင်တစ်သိန်းမွေးရင် မိခင် ၁၂၇ ယောက် သေဆုံးရတဲ့အချိုးရှိနေပါတယ်။