သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-31
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး ဆောင်ရွက်ရာမှာ NVC လို့ခေါ်တဲ့ အစိမ်းနုရောင် နိုင်ငံသားကဒ်ရရှိသူ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-10-31
ရခိုင်ပြည်နယ်အရေးအပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းက ပါတီဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2017-10-31
၁၂ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပခဲ့ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
2017-10-31
ကျားခေါင်းလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ကျားဖြူလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီနှစ်ပါတီ ပူးပေါင်းရေးလုပ်ငန်းတွေပြန်စဖို့ SNDP ဘက်က သဘောတူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-10-30
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု မိုင်းတောင်ကျေးရွာမှာ မနေ့ညက တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ဟာ မိုင်းတောင်ကျေးရွာ အပြင်ဘက်ကနေ သေနတ်တွေပစ်ဖောက်ခဲ့သလို ရွာလမ်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁၅၀ လောက်ဟာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို ဒီကနေ့မနက်မှာ ထွက်ပြေးလာကြပါတယ်။
2017-10-30
တတိယအကြိမ် ပင်လုံညီလာခံမှာ ဘယ်လိုအခြေခံမူခေါင်းစဉ်တွေ ဆွေးနွေးမယ်ဆိုတာ သတ်မှတ်ဆုံးဖြတ်ကြဖို့ ၁၂ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
2017-10-30
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ မနေ့ညနေက မီးပုံးပျံယမ်း ပေါက်ကွဲရာ ကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၄ ဦး မီးလောင်ဒဏ်ရာတွေရရှိကာ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပါတယ်။
2017-10-30
ရွာလုံးကျွတ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဝင်ရောက်တဲ့ ရွာတွေရှိတဲ့အတွက် ပါတီဝင်အင်အား တိုးလာတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
2017-10-30
ကျားခေါင်းလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ကျားဖြူလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ နှစ်ပါတီပူးပေါင်းရေးလုပ်ငန်းတွေပြန်စဖို့ SNDP ဖက်ကသဘောတူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-10-30
အမေရိကန်ဒေါ်လာ ၅ သန်းအောက် ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။
2017-10-30
လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လိုမြင် ပါသလဲ၊ လက်ရှိအစိုးရ သက်တမ်းအတွင်းမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်နိုင်သေး သလား... စတာတွေနဲ့ပတ်သက်ပြီး SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို RFA အဖွဲ့သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2017-10-30
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများရှင်းလင်းပွဲကို ၂ဝ၁၇ အောက်တိုဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ပါတယ်။
2017-10-30
၂ဝ၁၇ အောက်တိုဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ မြန်မာ့တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို ထောက်ခံတဲ့ အခမ်းအနားကို သံဃာတော်နဲ့ လူပုဂ္ဂိုလ်အင်အား တသောင်းကျော် တက်ရောက်ခဲ့ကြပါတယ်။
2017-10-30
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက်အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရှင်းလင်းပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-10-30
လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ဘယ်လိုမြင်ပါသလဲ။