သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-17
သာသနာတော်ကို အလေးမထား၊ ဝိနည်းတွေကို မစောင့်ထိန်းဘဲ ရာဇဝတ်ပြစ်မှုပြစ်ဒဏ်ထိုက်သူ၊ ဝရမ်းပြေးဖြစ်နေသူကို ဆရာတော်လို့ မခေါ်ထိုက်တဲ့အကြောင်း သာသနာရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-06-17
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း မဘသ ကို အမည်ပြောင်းလဲ ဖွဲ့စည်းထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ အဖွဲ့နှစ်ပတ်လည်တွေ့ဆုံပွဲကို ဒီနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းမှာ ကျင်းပခဲ့ပြီး လက်ရှိအစိုးရ လုပ်ဆောင်နေတာတွေကို ဆန့်ကျင်တွန်းလှန်ဖို့ တိုက်တွန်းလိုက်ပါတယ်။
2019-06-17
AA အဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်မှသာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်နိုင်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
2019-06-17
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မရူဖတ်ကာကျေးနဲ့နမ့်ဟွေကျေးရွာတစ်ဝိုက် တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ တိုက်ပွဲကြောင့် ကျေးရွာလေးရွာက ရွာသား နှစ်ရာလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2019-06-17
ဘူးသီးတောင်မြို့နယ် ဒုံးသိမ်စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ ခမီတိုင်းရင်းသား ခြောက်ဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-06-17
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေကို NLD ပါတီ ရုံးချုပ်မှာ ဒီနေ့မနက်က ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲဟာ NLD ပါတီနဲ့ ပြည်သူ့ပါတီတို့ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။
2019-06-17
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ခွဲခြားဆက်ဆံတဲ့ မြန်မာအစိုးရမူဝါဒကြောင့် ပါဝင်ပတ်သက်မှု မဖြစ်စေဖို့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီပံ့ပိုးမှု ရပ်ဆိုင်းထားမယ်လို့ ကုလသမဂ္ဂက မြန်မာအစိုးရကို သတိပေးပြောကြားလိုက်ပါတယ်။
2019-06-17
Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ကိုဆွေဝင်းအပေါ် တရားစွဲထားတဲ့ အဓိကတရားလိုပြ သက်သေတွေဖြစ်တဲ့ ဆရာတော် ဦးဝီရသူ အပါအဝင် သုံးဦးဟာ တရားရုံးချိန်းတိုင်းမှာ လာရောက်ခြင်းမရှိတဲ့အတွက် အဲဒီသက်သေတွေကို စစ်ဆေးခြင်းမပြုတော့ဘဲ ဥပဒေနဲ့အညီ အမှုကိုရပ်စဲပေးဖို့ ကိုဆွေဝင်းရဲ့ ရှေ့နေက မဟာအောင်မြေမြို့နယ်တရားရုံးမှာ ဒီနေ့ လျှောက်ထားခဲ့ပါတယ်။
2019-06-17
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတဲ့အမှုအတွက် တရားလိုတင်သွင်းတဲ့ ဗီဒီယိုဖိုင်တွေနဲ့ သံချပ်စာသားတွေကို သက်သေခံအဖြစ် ဒီနေ့တရားရုံးက လက်ခံလိုက်ပါတယ်။
2019-06-17
လက်ရှိအစိုးရကို ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားပစ်ဖို့ ပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေကို ဒီကနေ့ပြုလုပ်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးညီလာခံမှာ မဘသလို့ခေါ်တဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း က တိုက်တွန်းလိုက်ပါတယ်။
2019-06-17
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုခံရမှုအပေါ် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တရားရုံးက အပြီးအပြတ် လွှတ်ပေးခဲ့တာကို ပြန်လည်စိစစ်ပေးဖို့ ရန်ကုန်တိုင်းဥပဒေရုံးက အယူခံဝင်ထားမှုအတွက် ရှေ့နေဦးရောဘတ်စန်းအောင်က ဒီနေ့ တိုင်းတရားလွှတ်တော်ရုံးမှာ ကိုယ်စားလှယ်လွှဲစာ တင်ခဲ့ပါတယ်။
2019-06-16
မြန်မာနိုင်ငံတဝန်းမှာ သင်္ကန်းဝတ်အရေခြုံတွေရဲ့ ပြုမှုဆောင်ရွက်ချက်တွေကြောင့် ထေရဝါဒဗုဒ္ဓသာသနာ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းနေရကြောင်းနဲ့ သာသနာတော် အရှည်တည်တံ့နိုင်ဖို့အတွက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နဲ့ အစိုးရ၊ ပြည်သူတို့က သာသနာတော်သန့်ရှင်းရေးကို တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-06-16
၂၀၁၁ ခုနှစ် ဧပြီလမှာ အာဏာလွှဲပြောင်းပေးခဲ့အပြီး ကိုးနှစ်နီးပါးကြာ အများပြည်သူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တဲ့ အငြိမ်းစား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဇွန်လ ၁၅ ရက်နေ့ မနေ့က သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း သိန်းနိုင်ရဲ့ ဈာပနအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
2019-06-16
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာအနီးမှာ ဒီနေ့မနက်က တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒိုင်းသား၊ ရွှေကျင်၊ ခွဆုံကျေးရွာတွေက ရွာသားတွေဟာ ကြောက်လန့်ပြီးတော့ ဘုန်းတော်ကြီးကျောင်းနဲ့ ကျေးရွာ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-06-16
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မြန်မာနယ်စပ်ဒေသတစ်ဝှမ်းမှာ လှုပ်ရှားနေတဲ့ အိန္ဒိယလက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်စခန်းတွေကို အိန္ဒိယနဲ့ မြန်မာတပ်မတော်တို့ ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲပြီး ဖျက်ဆီးဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။