သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-13
တနင်္သာရီတိုင်းအတွင်း ဆလုံတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာတွေကို ပုလဲမွေးမြူရေးကုမ္ပဏီက လုပ်ငန်းတိုးချဲ့လာတာကြောင့် အသိမ်းခံရတော့မလိုဖြစ်နေတာကြောင့် ဆလုံတွေ ကန့်ကွက်နေပါတယ်။
2019-11-13
တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ပြောလိုက်ပါတယ်။
2019-11-13
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ယိုးချောင်းဒေသ ရွာသာယာကျေးရွာကို ရောက်ရှိနေတဲ့ တပ်မတော် စစ်ကြောင်းဟာ မနေ့ညနေက ကျေးရွာထဲကနေ ထွက်ခွာသွားပြီးနောက် တပ်မတော်က ရွာသားတွေ အပြင်ထွက်ခွင့်ကို ဆက်လက်ကန့်သတ်ထားတယ်လို့ ကျေးရွာသားတွေက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
2019-11-13
လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားမှုအတွက် AA ကို ကန့်ကွက်ရှုတ်ချကြောင်း NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမိုးက အရေးကြီးအဆို ဒီနေ့ တင်သွင်းရာမှာ လက်ခံဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
2019-11-12
တရုတ်နိုင်ငံကို လူကုန်ကူးခံထားရတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ မြန်မာပြည်က မိသားစုနဲ့ အဆက်အသွယ်ရပြီဖြစ်ပေမယ့် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးက ကယ်တင်ဖို့ ကြန့်ကြာနေတဲ့အတွက် တရုတ်ပြည်ထဲမှာ ထပ်ပြီး လက်ဆင့်ကမ်း ရောင်းစားခံရမှာကို မိသားစု ဝင်တွေက စိုးရိမ်နေပါတယ်။
2019-11-12
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂတရားရုံးမှာ အမှုဖွင့်လိုက်တဲ့အတွက် ICJ ဆိုတဲ့ တရားရုံးအကြောင်းကောက်နှုတ်တင်ပြထားပါတယ်။
2019-11-12
NLD အစိုးရအနေနဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြုပြင်ပြောင်းလဲရေး လုပ်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ အဖွဲ့ရဲ့ တိုက်တွန်းချက်ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ကြိုဆိုပေမယ့်၊ NLD ပါတီကတော့ ပြင်ရေးမပြင်ရေးကို ကိုယ့်နိုင်ငံကသာ ဆုံးဖြတ်မယ်လို့ တုံ့ပြန်လိုက်ပါတယ်။
2019-11-12
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူပေးဖို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ထံ အစ္စလာမစ်နိုင်ငံများအဖွဲ့ OIC ကိုယ်စား အာဖရိကတိုက် အနောက်ပိုင်းနိုင်ငံတခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလ ၁၁ ရက်နေ့က တင်သွင်းခဲ့ပါတယ်။
2019-11-12
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ကျေးရွာသား ငါးဦးကို တပ်မတော်က ဖမ်းဆီးထားတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြောင်း ရေဘုတ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
2019-11-12
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့မှာ မနေ့ညက လုံခြုံရေး ကင်းလှည့်နေတဲ့ ရဲကား လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရတဲ့အတွက် ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား တစ်ဦး သေဆုံးခဲ့ပါတယ်။
2019-11-12
ရခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲနဲ့ တပ်မတော်သားတွေအပါအဝင် ၁၇ ဦးကို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီး အရေးယူခံနေရသူတွေနဲ့ လဲလှယ်ဖို့ အသင့်ရှိကြောင်း AA က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2019-11-12
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ မြင်းဦးလှည့်ဒေသမှာ ကြေးခေတ်ကနေ သံခေတ်အကူး ဘီစီ ၄ ရာစုနဲ့ ၅ ရာစုခန့်က ရှေးဟောင်းလက်ရာပစ္စည်းတွေ၊ ပျူပုတီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အတိတ်သမိုင်းကို မှတ်တမ်းတင် ဖော်ကျူးရာ နေရာတစ်ခုပါ။
2019-11-12
ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆလုံတိုင်းရင်းသားတွေနေထိုင်တဲ့ ဘုတ်ပြင်းမြို့နယ်ရှိ လငန်းကျွန်းမှာ မြန်မာတာဆာကီ ပုလဲမွေးမြူရေးကုမ္ပဏီက လုပ်ငန်းတိုးချဲ့ဖို့ ပြင်ဆင်နေတာကြောင့် ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။
2019-11-12
ပြင်ပဆောင်းပါးရှင် ဦးမျိုးလွင်ရဲ့ လူမှုစီးပွားကြေးမုံပြင် အပတ်စဉ်အစီအစဉ်ဖြစ်ပါတယ်။
2019-11-11
မော်တော်ယာဉ်တွေ လက်ရှိပိုင်ရှင်အမည်ပေါက်ကို ဝင်ငွေခွန်ဆောင်ပြီးမှ ၂၀၂၀ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား မဖြစ်မနေပြောင်းဖို့ ကြေညာလိုက်တဲ့အပေါ် ကားစီးပြည်သူတွေနဲ့ ကားရောင်းဝယ်ရေး လုပ်ကိုင်နေသူ အများအပြားက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။