သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-24
ရာသီဥတုပြောင်းလဲတဲ့အတွက် မုန်တိုင်းတွေ၊ အပူလိုင်းတွေ ကြုံရပြီး အထူးသဖြင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေက အထိခိုက်ဆုံးပဲလို့ ပြောပါတယ်။
2024-10-24
အင်ဒိုနီးရှားနိုင်ငံ အနောက်ကမ်းရိုးတန်းမှာ ရက်အတန်ကြာမျောနေတဲ့ လှေပေါ်က ရိုဟင်ဂျာဒုက္ခသည် ၁၄၆ ဦးဟာ အောက်တိုဘာ ၂၄ ရက် ဒီနေ့မှာ ကမ်းကပ်ခွင့်ရပြီလို့ AFP သတင်းက ဖော်ပြပါတယ်။
2024-10-24
ဟိုပုံးမြို့နဲ့ အနီးတစ်၀ိုက်မှာ မိုးရက်ဆက်ရွာပြီး အနိမ့်ပိုင်းတွေမှာ ရေဝင်တာကြောင့် ဒေသခံတချို့ ရေလွတ်ရာကို ထပ်မံရွှေ့ပြောင်းကြရပါတယ်။
2024-10-24
တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကနေ စက်သုံးဆီနဲ့ ကုန်ပစ္စည်းတချို့ သယ်ဆောင်ခွင့်ကို တရုတ်နိုင်ငံဘက်က ပိတ်လိုက်ပြီးတဲ့နောက် စစ်သုံးဆီပြတ်လပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် အလုအယက် ဝယ်ယူနေကြပါတယ်။
2024-10-24
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ်အစပ်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၃ ရက်နေ့မှာ မီးရှို့ပြီး အမျိုးသမီးတချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2024-10-24
မြန်မာဘက်က တောင်းဆိုလို့ CI စာအုပ် ထုတ်ပေးတဲ့ စင်တာအားလုံးကို ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာ ပိတ်လိုက်ပြီးတဲ့နောက် အခုစင်တာအသစ်ကို ပြန်ဖွင့်မှာ ဖြစ်ပါတယ်။
2024-10-24
ကလေးလမ်းကိုပါ ကန့်သတ်လိုက်တာကြောင့် တမူးနဲ့ ခါမ်းပါတ်မြို့က ဒေသခံတွေဟာ ကုန်ဈေးနှုန်းကြီးမှုအပြင် ကုန်ပစ္စည်းရှားပါးမှုနဲ့ပါ ကြုံနေရပါတယ်။
2024-10-24
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အချုပ်သားနှစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-10-24
ဘုတလင်မြို့နယ်အတွင်းက စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့တဲ့ ရွာတွေကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံ လေးဆယ်ကျော်ကို ပြန်မလွှတ်ဘဲ စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2024-10-24
ထိုင်းနိုင်ငံရဲ့ ဆုန်ကရန်သင်္ကြန်ကို ဉာဏမူပိုင်ခွင့်တင်ဖို့ ထိုင်း ကြိုးပမ်းနေတယ်လို့ The Nation သတင်းမှာ အောက်တိုဘာလ ၂၃ ရက် မနေ့က ဖော်ပြပါတယ်။
2024-10-24
လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ လစာငွေရဲ့ အနည်းဆုံး လေးပုံတစ်ပုံကို တရားဝင်လမ်းကြောင်းတွေကနေ ငွေလွှဲကြဖို့ဆိုပြီး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးက ပြောဆိုပါတယ်။
2024-10-24
ပဲခူးတိုင်း ဘုရားကြီးမြို့မှာ ပုလဲစန္ဒာဆိုတဲ့ ဆင်မကြီးက ဆင်မောင်နှမ အမြွှာတစ်စုံ မွေးထားပါတယ်။ ဒါကြောင့် အဲဒီဆင်ပေါက်လေးတွေကို သွားကြည့်တဲ့သူတွေလည်း များနေပါတယ်။
2024-10-24
ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြီး စစ်ကောင်စီက စုဆောင်းထားတဲ့သူတွေထဲမှာ သက်စွန့်ဆံဖျား ထွက်ပြေးကြတဲ့ လူငယ်တွေ ရှိနေပါတယ်။
2024-10-24
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကို အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ခြောက်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-10-23
KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ပြန်ရရေးအတွက် ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က သံချပ်ကာယာဉ်တွေပါ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပြောပါတယ်။