သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-21
အမျိုးသားပညာရေးဥပဒေ (မူကြမ်း) ကို ကန့်ကွက်တဲ့အနေနဲ့ မန္တလေး ရတနာပုံတက္ကသိုလ်၊ ကျောက်ဆည် နည်းပညာကောလိပ် GTC နဲ့ မန္တလေး GTC က ကျောင်းသားတွေဟာ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ရှေ့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ အကြောင်းစုံကို RFA ဝိုင်းတော်သား ကိုဂျေက တင်ပြထားပါတယ်။
2014-07-21
သတင်းသမားတွေကို ဖမ်းဆီး တရားစွဲဆိုတာတွေနဲ့ ထောင်ဒဏ်နှစ်ရှည် ချမှတ်တာတွေကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ဝ ရက်နေ့က မန္တလေးမြို့ မနော်ရမ္မာန် ဥယျာဉ်ထဲက ဟစ်တိုင်ကွင်းမှာ သတင်းထောက် ၅ဝ နီးပါး ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် မသင်းသင်းထက်က တင်ပြထားပါတယ်။
2014-07-21
"ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တခုကို နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-07-21
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ခူအူနဲ့ ပန်ဆိုင်မြို့အကြား လုံပကျေးရွာအနီးမှာ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရစစ်တပ်က ခြေမြန်တပ်ရင်း ၂၄၇၊ ၂၄၈ တို့ မနေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2014-07-21
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၂ မှာရှိတဲ့ Gallant Ocean ဂဏန်း၊ ပုဇွန် အအေးခန်း စက်ရုံက အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၄ ယောက်ကို အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်က ဒီနေ့ သဘောတူလိုက်ပါတယ်။
2014-07-21
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားတဲ့ မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်တွေမှာ မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၆၀ ပေးသင့်ကြောင်းနဲ့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ထမ်းဆောင်သူတွေ ဟာ နိုင်ငံရေးပါတီကနေ ၅ နှစ် ကင်းလွတ်သူတွေဖြစ် သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ သဘောထားထုတ်ပြန် လိုက်ပါတယ်။
2014-07-21
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှာ သကြားစက်ရုံနဲ့ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ် တည်ဆောက်ဖို့အတွက် သိမ်းထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့နဲ့ ဝင်ရောက်ထွန်ယက်တဲ့ လယ်သမားတွေကို တရားစွဲထားတဲ့အတွက် ရာနဲ့ချီ များပြား တဲ့လယ်သမားတွေက ရေတာရှည်မြို့နယ် ညောင်ပင်သာရွာမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-07-21
မန္တလေးမြို့ ရတနာပုံတက္ကသိုလ် က ကျောင်းသား၊ ကျောင်းသူ ၅၀ လောက် ဟာ အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြ ပါတယ်။
2014-07-21
မန္တလေးတိုင်းဒေသကြီးအတွင်းက ၇ မြို့ နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို ဒီကနေ့မှာ အချိန်နှစ်နာရီ လျှော့ချသတ် မှတ် လိုက်ပါတယ်။
2014-07-21
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ မြစ်ကြီးနားမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2014-07-21
ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျရေး နဲ့ ပတ်သက်ပြီး နယ်ပယ်စုံက အဖွဲ့ အစည်းတွေရဲ့ ညီလာခံကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ရာမှာ နိုင်ငံရေး ပါတီ ၅ဝ ကျော်အပြင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သမာသမတ်ကျတဲ့ ရွေးကောက် ပွဲဖြစ်ရေး ပါဝင်ကူညီမယ့် လူမူအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
2014-07-21
လာမယ့် သြဂုတ်လအစောပိုင်း မြန်မာနိုင်ငံ မှာကျင်းပမယ့် ARF ခေါ် အာဆီယံဒေသ တွင်း နှီးနှောဖလှယ်ပွဲကို မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးသစ် တက်ရောက်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား သံတမန်အသိုင်းအဝိုင်းက ပြောဆိုကြောင်း The Korea Times သတင်းက ဖေါ်ပြပါတယ်။
2014-07-20
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေးအထူးကိုယ်စားလှယ်သစ် Ms Yanghee Lee ဟာ အဖွဲ့အစည်းအသီးသီးနဲ့ မနေ့ကတွေ့ဆုံ ပြီး မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးအခြေအနေတွေ ကို မေးမြန်းကြားနာခဲ့ပါတယ်။
2014-07-20
NBF ခေါ် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့က လက်ရှိ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်အပေါ် ရာနှုန်းပြည့် အယုံအကြည်မရှိတဲ့အကြောင်း ပြောကြားလိုက်သလို တိုင်းရင်းသားပြည်သူတွေ ယုံကြည်ရတဲ့သူတွေနဲ့ အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ အစိုးရကို တောင်းဆို လိုက်ပါတယ်။
2014-07-20
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပဋိပက္ခတွေဖြစ် ပွားနေတဲ့ တိုင်းရင်းသားဒေသတွေက လွှတ်တော်ကိုယ်စား လှယ်တွေဟာ ဒီနေ့ နေပြည်တော် ရွှေဧည့်သည်ဟိုတယ်မှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။