သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-23
ရွေးကောက်ပွဲလွန်ကာလ နိုင်ငံတော် သမ္မတ အမည်စာရင်းကြေညာတဲ့အချိန် အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးကို စီမံချက် ကာလအနေနဲ့ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။
2016-02-23
ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရအဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးညီညီလွင်ရဲ့ အာမခံလျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တရားရုံးက ဒီကနေ့ ထပ်မံပယ်ချ လိုက်ပါတယ်။
2016-02-23
ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထား ရတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ ဝန်းရံ သူတွေကို ဒီနေ့ သာယာဝတီမြို့နယ် တရားရုံးမှာ ရုံးထုတ်ရာ ကျန်းမာရေး မကောင်းတဲ့ ဝန်းရံသူ ၂ ဦး ကို ဆေးကုသခွင့် အာမခံလျှောက်ထားတာကို မြို့နယ် တရားသူကြီးက ပယ်ချ လိုက်ပါတယ်။
2016-02-23
ရှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွား ရာနေရာတွေမှာရှိနေတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ တပ်တွေ ပြန်လည် ဆုတ်ခွာပေးဖို့ UPWC အဖွဲ့ဝင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ RCSS/SSA ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံရာမှာ တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2016-02-23
အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာ မယ့်ဆိုးကျိုးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင်ကာကွယ်နိုင်ဖို့ ပြင်ဆင်နေချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ကြိုတင် ကာကွယ်ရေး စီမံချက်တွေကို တာဝန်ကျေသဘောနဲ့ သာ ဆောင်ရွက်နေမယ်ဆိုရင် ဆုံးရှုံးမှုများ မှာဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ဒီနေ့ နေပြည်တော် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။
2016-02-23
လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီကို ဖော်ဆောင်လို့ မရနိုင်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံတယ် ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့အညီ တောင်း ဆိုမှုတွေပြုလုပ်ကြဖို့ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2016-02-22
မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက် အချိန်ယူကြိုးစားရမှာဖြစ်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ပဲ ငြိမ်းချမ်းရေး မရနိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အထွေထွေ အတွင်းရေး မှုး ခူးဦးရယ်က ပြောပါတယ်။
2016-02-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းဒေသကြီး/ ပြည်နယ် ၁၂ ခုက လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ပြည်ထောင်စု လွှတ်တော် ဝင်းအတွင်းက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော် မတီရုံးခန်းမှာ တွေ့ဆုံပြီး ဥပဒေတွေကို ကျေညက်အောင်လေ့လာကြဖို့ တိုက်တွန်း လိုက်ပါတယ်။
2016-02-22
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုက လွှတ်တော် ဥက္ကဋ္ဌတွေ၊ ဒု-ဥက္ကဋ္ဌတွေ နဲ့ နေပြည်တော်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-02-22
၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို နေပြည်တော်မှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-02-22
၈၈ မျိုးဆက်အဖွဲ့နဲ့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ကျောက်မဲမြို့ပေါ်က စစ်ပြေးဒုက္ခသည်တွေကို ဆေးကုသ ပေးနေပါတယ်။
2016-02-22
မကွေးတိုင်းအတွင်း စတုတ္ထတန်းနဲ့ အဋ္ဌမတန်း စာမေးပွဲမေး ခွန်းတွေ ပေါက် ကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပညာရေးဝန်ထမ်း ၄ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေအရ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
2016-02-22
မွန်ပြည်နယ် ချောင်းဆုံမြို့မှာ တည်ဆောက်ပြီးစီးသွားတဲ့ ချောင်းဆုံ လျှပ်စစ်ဓာတ်အားခွဲရုံကို သမ္မတဦးသိန်းစိန် တက်ရောက် ဖွင့်လှစ်ခဲ့ပါတယ်။
2016-02-22
"ရာသီဥတုနိုင်ငံရေး" ခေါင်းစဉ်နဲ့ ဟောပြောပွဲတခုကို မန္တလေးမြို့ သကျသီဟ ဘုရားဝင်းမှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2016-02-22
လာမယ့် နွေရာသီအတွင်း အယ်လ်နီညို ရာသီဥတု ကျရောက်ချိန်မှာ အစိုးရ ဌာနဆိုင်ရာ အဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးအဆို ကို ပြည်သူ့လွှတ်တော်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့တင်သွင်းခဲ့ရာမှာ ဆက်လက်ဆွေးနွေးဖို့ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။