KIO ထိန်းချုပ်နယ်မြေထဲ ကျောင်းပြောင်းတက်သူတွေများလာ

2022.06.16
KIO ထိန်းချုပ်နယ်မြေထဲ ကျောင်းပြောင်းတက်သူတွေများလာ အလျဲန်ဘွမ်အထက်တန်းကျောင်း
Photo: RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့အနီးက အလျဲန်ဘွမ်အထက်တန်းကျောင်းမှာ စစ်အာဏာသိမ်းပြီးနောက် မြို့ပေါ်က ကျောင်းသားတွေပါ လာရောက်ပညာသင်နေကြပါတယ်။

Photo - RFA
Photo - RFA

အခုစာသင်နှစ်မှာ အရင်ကျောင်းသား အရေအတွက်ထက် သုံးဆလောက် ပိုများလာတယ်လို့ လက်ထောက်ကျောင်းအုပ်ဆရာမ ဆိုင်းခေါန်ကပြောပါတယ်။

Photo - RFA
Photo - RFA

အရင်နှစ်တွေက ကျောင်းသား ၇ဝဝ လောက် အများဆုံး ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်မှာ ကျောင်းသား ၂၄ဝဝ လောက်ရှိတယ်လို့ ဆိုပါတယ်။

Photo - RFA
Photo - RFA

ကျောင်းသားဦးရေ ၁၇၀၀ လောက်ဟာ မြို့ပေါ်က အစိုးရကျောင်းတွေကနေ ပြောင်းလာတဲ့ ကျောင်းသားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

Photo - RFA
Photo - RFA

စစ်ကောင်စီရဲ့ ပညာရေးကို အယုံအကြည်မရှိတာ၊ လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် အစိုးရ ကျောင်းသွားမတက်ရဲတာ၊ မြို့ပေါ်က ကျောင်းတွေ ပုံမှန်ပြန်မဖွင့်နိုင်သေးတာရယ်ကြောင့် KIO ထိန်းချုပ်နယ်မြေထဲ ကျောင်းလာတက်ကြတာလို့ ဆိုပါတယ်။

Photo - RFA
Photo - RFA

KIO ဌာနချုပ် လိုင်ဇာမြို့အနီးက အလျဲန်ဘွမ်အထက်တန်းကျောင်းဟာ စစ်ဘေးဒုက္ခသည် ကျောင်းသူ ကျောင်းသားတွေအတွက် အဓိက ရည်ရွယ်ပြီး ၂ဝ၁၃ ခုနှစ်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

Photo - RFA
Photo - RFA
Photo - RFA
Photo - RFA

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။