စစ်ကောင်စီလက်အောက် ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်

RFA Burmese
2023.06.01
စစ်ကောင်စီလက်အောက် ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် အ.ထ.က (၄) ကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မိဘတွေကို ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်နေ့က တွေ့ရစဉ်။
Photo : RFA

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် စာသင်ကျောင်းတွေကို ဇွန်လ ၁ ရက်နေ့မှာ စစ်ကောင်စီက စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အ.မ.က (၁၃) တွင် ကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မိဘတွေကို ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

ဒီပညာသင်နှစ်အတွက် စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေမှာ မေလ ၃၁ ရက်နေ့က အပ်နှံထားသူ ၆ သန်းခွဲနီးပါးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁ ရက်နေ့က ကျောင်းတွေစတင်ဖွင့်လှစ်ချိန်မှာတော့ ရန်ကုန်မြို့က ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းတက်နေတာကို တွေ့ရပါတယ်။

စစ်တွေမြို့နယ် ကျေးတောရွာ အလယ်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။(Photo : RFA)

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာလည်း စာသင်ကျောင်းတွေကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

စစ်တွေမြို့နယ် ကျေးတောရွာ အလယ်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။(Photo : RFA)
စစ်တွေမြို့နယ် ကျေးတောရွာ အလယ်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။(Photo : RFA)

ရခိုင်ပြည်နယ်က စာသင်ကျောင်း ၃၂၀၀ နီးပါးထဲက ထက်ဝက်လောက်ဟာ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ပြန်လည်ပြင်ဆင်လို့ မပြီးသေးခင်မှာ စစ်ကောင်စီက ကျောင်းပြန်ဖွင့်ခဲ့တာပါ။

မုန်တိုင်းကြောင့်ပျက်စီးနေတဲ့ စစ်တွေမြို့နယ် ကျေးတောရွာ အလယ်တန်းကျောင်းနဲ့ ကျောင်းသား နှစ်ဦးကို  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။(Photo : RFA)

စာသင်ကျောင်းတွေမှာ အမိုးအကာတွေမရှိဘဲ ပျက်စီးနေတဲ့အတွက် ကျောင်းတွေပြန်ဖွင့်ပေမဲ့ စာသင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ရခိုင်ပြည်နယ်က ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးသွားတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့က စာသင်ကျောင်းတစ်ခုကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo : The Tanintharyi Time)

ရခိုင်ဒေသက ပျက်စီးနေတဲ့ကျောင်းတွေကို ပြင်လို့မပြီးသေးခင်မှာ ပြန်ဖွင့်ခဲ့တဲ့အပြင် တဖက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းတဲ့ ဒေသတွေက စာသင်ကျောင်းတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။

စစ်ရဟတ်ယာဉ်နဲ့ပစ်ခတ်ခံရမှုကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပေါက်အင်းမြိုင်ကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo : ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့-Board of Kani Education)

၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖဲလျားကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာစာသင်ကျောင်းပျက်စီးသွားတာကို တွေ့ရစဉ်။   (Photo : kamLatt-Kayah IDPs Assistance Network)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ကျောင်းနေအရွယ် ကလေးငယ်တွေကို ၂၀၂၃ ခုနှစ် မေ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo : kamLatt-Kayah IDPs Assistance Network)

စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ ဒေသတွေမှာရှိတဲ့ ကလေးသူငယ်တွေ ပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့အပြင် လုံခြုံမှုလည်း မရှိတာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့က ရွာတစ်ရွာမှာ စစ်ကောင်စီ တိုက်လေယာဉ် ပျံသန်းနေတာကြောင့် အထိတ်တလန့်ဖြစ်နေတဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo : Union of Karenni State Youth)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။