ရန်ကုန်-ဒလ အသွားအပြန် အားကိုးနေရတဲ့ သမ္ဗန်များ
2022.05.10
ရန်ကုန်မြစ်တစ်ဖက်ကမ်း ဒလမြို့က ပြည်သူတွေဟာ မြို့ထဲမှာ အလုပ်လာလုပ်ဖို့ သင်္ဘောနဲ့ စက်တပ်သမ္ဗန်တွေကို အဓိကအားကိုးနေကြရတာ ဖြစ်ပါတယ်။
ဒလမြို့ ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်နဲ့ ကျောင်းရွာအုပ်စုပေါင်း ၃၂ ရွာမှာ လူဦးရေ တစ်သိန်းရှစ်သောင်းကျော်ရှိပါတယ်။ အဲဒီလူဦးရေရဲ့ ထက်ဝက်ဟာ ရန်ကုန်ဘက်မှာ အလုပ်လာလုပ်နေကြတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် စက်သုံးဆီစျေးတွေ မြင့်တက်နေတာကြောင့် စက်တပ်သမ္ဗာန်သမားတွေလည်း အခက်အခဲတွေ ရှိလာနေပါတယ်။
ဒါ့ကြောင့် ပုံမှန် သမ္ဗန်စီးနင်းခတစ်ယောက်ကို နှစ်ရာကျပ်ကောက်ခံနေရာကနေ တိုးမြှင့်ကောက်ခံဖို့လည်း လုပ်နေကြပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့်ရော စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မြို့နေပြည်သူတွေ စားဝတ်နေရေးခက်ခဲလာနေကြပါတယ်။