သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-30
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်း မြောက်ဘက်ပိုင်းဒေသတွေ အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ပေးအပ်တဲ့ စားနပ်ရိက္ခာ အကူအညီတွေကို တပ်မတော်က ကန့်သတ်နေတယ်လို့ ရွာလူကြီးတွေက ပြောပါတယ်။
2019-11-30
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တစ်နှစ်နီးပါးကြာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် AA နဲ့ ဆက်စပ်တယ်ဆိုပြီး အမှုဖွင့်၊ တရားစွဲဆိုခံထားရသူ ၅၀၀ ကျော်ရှိတယ်လို့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2019-11-29
အသက် ၁၄ နှစ်အရွယ်၊ မမြတ်သူ (အမည်လွဲ)ဟာ ဆွေမျိုးတော်စပ်တဲ့ အဒေါ်ဖြစ်သူကနေ တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ကို ပို့ဆောင်ခံလိုက်ရပါတယ်။
2019-11-28
ဟောင်ကောင်လူထုဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စုက ထောက်ခံလိုက်ချိန်မှာ တရုတ်နိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဝေဖန်ပုတ်ခတ်သုံးနှုန်းတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံမှာပါဝင်တဲ့ ဒီမိုကရေစီရေးလိုလားသူတွေကို စွပ်စွဲတာတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။
2019-11-28
မြန်မာနိုင်ငံမှာ အစိုးရတပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ မြေမြှုပ်မိုင်းသုံးနေသေးတာကို တပြည်လုံးအပစ်ရပ်စဲရေးလုပ်နိုင်မှ တားဆီးနိုင်တော့ မယ့်အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2019-11-28
လူကုန်ကူးမှုတားဆီးကာကွယ်ဖို့ အိန္ဒိယနဲ့ မြန်မာ သဘောတူညီတဲ့အကြောင်းနဲ့ ဒီနှစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးနဲ့ မိန်းကလေးတွေကို လူကုန်ကူးသူတွေ အများဆုံး သွေးဆောင်ဖြားယောင်းနိုင်လို့ အန္တရာယ်အများဆုံးနိုင်ငံတွေ ဖြစ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2019-11-28
ကမ္ဘာမှာ ကျောက်ရောဂါလို ကူးစက်ရောဂါကြီးတွေ တချို့ကို ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် သန်ကောင်လိုရောဂါတွေကတော့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ခေါင်းထောင်နေဆဲဖြစ်ပါတယ်။
2019-11-27
ကမ်းနီး ပုဇွန်၊ ငါးဖမ်းလုပ်ငန်းက အလုပ်သမားတွေ အနိုင်ကျင့်ခံနေရတာဟာ ဆင်းရဲမွဲတေမှုနဲ့ ဆက်စပ်နေပြီး အသေးစိတ်အခြေအနေတွေကို သိနိုင်ဖို့ ကျားဖောင် လုပ်ငန်းအများစုရှိရာ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး သွားမယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်က ပြောပါတယ်။
2019-11-26
မြောက်ကိုရီးယားနဲ့ မပြေပြစ်လို့ ကိုရီးယားကျွန်းဆွယ်အရေး ပူပန်နေရပေမဲ့ တောင်ကိုရီးယားဟာ ကမ္ဘာမှာ စီးပွားရေး အားတောင့်တဲ့နိုင်ငံဖြစ်လာပါတယ်။
2019-11-26
မြန်မာနိုင်ငံထဲမှာ သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဓာတုလက်နက်တွေ သိုလှောင်ထားတာ ရှိကောင်းရှိနိုင်တဲ့အတွက် စိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန် အစိုးရရဲ့ အကြီးတန်းအရာရှိတစ်ဦးက မနေ့ကပြုလုပ်တဲ့ ဓာတုလက်နက်ဆိုင်ရာ တားဆီးရေး သဘောတူစာချုပ် OPCW နှစ်ပတ်လည်အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
2019-11-25
TNLA ဆီကနေ သိမ်းဆည်းရမိတဲ့ တရုတ်တပ်မတော်ထုတ် မြေပြင်နဲ့ ဝေဟင်ပစ်ဒုံး FN-6 MANPAD ဟာ ဘယ်လိုလက်နက်အမျိုးအစားလဲ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ဆီ ရောက်နေတဲ့ FN-6 ဟာ တပ်မတော်ရဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေအတွက် စိုးရိမ်စရာဖြစ်လာမလားဆိုတာ လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ စုစည်း တင်ပြထားပါတယ်။
2019-11-25
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ အမှုဖွင့်ခံထားရတဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာဖြစ်ပေမယ့် သူ့အနေနဲ့ အမှုဖြစ်စဉ် တလျှောက်လုံး တရားရုံးကို သွားရောက်ရင်ဆိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
2019-11-24
ကမ္ဘာမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ လူကုန်ကူးခံရ၊ အကြမ်းဖက်ခံရ၊ အဓမ္မ ထိမ်းမြားလက်ထပ်ခံရပြီး အိမ်ထောင်သည် အမျိုးသမီး ၅၂ % ပဲ ခင်ပွန်းနဲ့ ဆက်ဆံဖို့ဖြစ်ဖြစ်၊ သားဆက်ခြားရေးအတွက်ဖြစ်ဖြစ် မိမိသဘောနဲ့ မိမိ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2019-11-23
ကိုလိုနီလက်ထက်မှာရော ကမ္ဘာစစ်အတွင်းမှာပါ မပျက်စီးခဲ့ဘဲ လွန်ခဲ့တဲ့ နှစ် ၃၅၀ လောက်ကတည်းက တည်ရှိခဲ့တဲ့ မြောက်ဦးရှေးဟောင်းနယ်မြေက ဗိသုကာလက်ရာ တွေဟာ တိုက်ပွဲတွေကြောင့် ဒီခေတ်ရောက်မှ ပျက်စီးဆုံးရှုံးမှာ စိုးရိမ်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2019-11-23
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာ ပဋိပက္ခအတွက် တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်က သမ္မတ အိမ်တော်မှာ မနေ့က ကျင်းပတဲ့ ရှင်းလင်းပွဲမှာ အစိုးရဝန်ကြီး နှစ်ဦးက တင်ပြခဲ့တဲ့ အချက်အလက်နဲ့ ဝေဖန်ချက်တချို့ကို ဦးခင်မောင်စိုးက တင်ပြထားပါတယ်။