သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-10-05
စစ်ကောင်စီ ဖိတ်ခေါ်ချက်ဟာ စစ်ဘေးဒုက္ခကြုံနေရသူတွေအတွက်တော့ ဟန်ပြငြိမ်းချမ်းရေးဖိတ်ခေါ်မှုသာ ဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
2024-10-04
ပဲခူးတိုင်း တောင်ငူ၊ မန္တလေးတိုင်း မြစ်သားနဲ့ တာချီလိတ်မြို့တွေမှာ ထပ်ပြီး ရေကြီးရေလျှံလာတာကြောင့် ရေဘေးဒုက္ခသည် နှစ်သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပါတယ်။
2024-10-04
ဒီနည်းဥပဒေသစ်အရ ပန်းရောင်ကတ်၊ စီအိုင်၊ အလုပ်သမားလက်မှတ် သက်တမ်းကုန်တဲ့အခါ နှစ်နိုင်ငံ သဘောတူညီချက် MOU လုပ်ငန်းစဥ်အတိုင်း သက်တမ်းတိုး အခွန်ဆောင်ရမယ်ဆိုတဲ့အတွက် စိုးရိမ်နေတဲ့ မြန်မာတွေ ရှိနေပါတယ်။
2024-10-04
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း အိန္ဒိယနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်တဲ့ မြန်မာဘက်က ဒုက္ခသည် ခုနစ်သောင်း၀န်းကျင်ရှိပြီး သူတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရော UNHCR ဘက်ကပါ အကူအညီတွေမရသေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
2024-10-03
စစ်ကောင်စီက ပအိုဝ်းခေါင်းဆောင်တွေကို အသုံးချပြီး စစ်တပ်အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းတာလို့ ပအိုဝ်းလူငယ်အစည်းအရုံးပြောခွင့်ရသူက ပြောပါတယ်။
2024-10-03
မုန်တိုင်းမိုးကြောင့် မြို့တစ်ခုလုံးနီးပါး ရေလွှမ်းခံခဲ့ရတဲ့ ရှမ်းပြည်တောင်ပိုင်း ကလောနဲ့ အင်းလေးဒေသမှာတော့ ဒေသခံတွေရဲ့ အခက်အခဲတွေကို စေတနာရှင်တွေက ဝိုင်းဝန်းကူညီနေကြပါတယ်။
2024-10-03
AA ဟာ ရခိုင်ပြည်နယ်က ၁၀ မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝ အပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်တွေကို သိမ်းပိုက်ထိမ်းချုပ်လာနိုင်တဲ့နောက်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အာရုံစိုက်တာခံလာရပါတယ်။
2024-10-03
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီဘက် လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်နေတာကြောင့် လူတစ်သောင်းလောက် ထွက်ပြေးနေရပါတယ်။
2024-10-02
လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောမှာ ၅၀ ဦး၊ ပေါက်တောမှာ ၂၀ ဦး၊ သံတွဲမှာ ၁၆ ဦး၊ ဂွ၊ တောင်ကုတ်နဲ့ မြေပုံမြို့နယ်တွေမှာ သေဆုံးသူ နှစ်ဦးစီနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ တစ်ဦး သေဆုံးခဲ့ပါတယ်။
2024-10-02
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၉ ဘီလီယံဖိုး ကုန်သွယ်ခဲ့တဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်လိုက်တဲ့နောက်ပိုင်း တရုတ်ဘက်က လုံးဝ ပိတ်ထားပါတယ်။
2024-10-01
တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းကနေ တိုက်ခိုက်ရုံနဲ့ ပြန်သိမ်းပိုက်နိုင်ဖို့ မလွယ်ကူနိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
2024-10-01
ကောလင်း၊ ကန့်ဘလူ၊ ခင်ဦးနဲ့ ဘုတလင်မြို့နယ်တွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် မြေပြင်တပ်တွေကလည်း စစ်ကြောင်းထိုးစီးနင်းတာတွေ ခပ်စိပ်စိပ် လုပ်လာပါတယ်။
2024-10-01
ပဲခူးတိုင်း ကျောက်ကြီး၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နဲ့ ကယားပြည်နယ်က ရေဘေးဒုက္ခသည် တစ်သိန်းနီးပါးဟာ အရပ်ဘက်အဖွဲ့တွေရဲ့ အကူအညီတွေ ကန့်သတ်ပိတ်ပင်ခံနေရပါတယ်။
2024-10-01
စစ်ကောင်စီက ၂၀၂၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို နိုင်ငံတစ်ဝန်းမှာ ဒီနေ့ကစလို့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ကောက်ယူနေပါတယ်။