သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-02
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုနဲ့ ပြည်ပက သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘဏ်လုပ်ငန်းတွေအပါအဝင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ အခက်အခဲတွေပေါ်ပေါက်ခဲ့ရတယ်လို့ အာဏာသိမ်း နှစ်ပတ်လည်ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ပြောပါတယ်။ ဝေဖန်သူတွေကတော့ အဲဒီ အခက်အခဲအားလုံးဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
2022-02-02
လွိုင်ကော်မြို့မှာ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်ကို ထွက်ပြေးနေရသူ လေးသောင်းကျော်ရှိနေပြီး အများစုမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေပါတယ်။
2022-02-01
Gallup အဖွဲ့ရဲ့ စက်တင်ဘာလ ၂၂ ရက်ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ လေ့လာချက်အရ၊ ပုဂ္ဂလိက တစ်ဦးချင်းလွတ်လပ်မှု အခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က ၈၂ ရာခိုင်နှုန်း ရှိခဲ့ရာက၂၀၂၁ ခုနှစ်မှာ ၆၃ ရာခိုင်နှုန်း ဖြစ်သွားခဲ့ပါတယ်
2022-02-01
စစ်တပ်အာဏာသိမ်းမှု နှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီလိုလားသူတွေ စည်းရုံးခဲ့တဲ့ အသံတိတ်သပိတ်ကို နိုင်ငံတဝန်းမှာ မြန်မာပြည်သူတွေ မနေ့က ပါဝင်ခဲ့ကြပါတယ်။ အာဏာသိမ်းမှုတစ်နှစ်ပြည့်မှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး လှုပ်ရှားနေတဲ့အင်အားစုတွေနဲ့ စစ်ကောင်စီအကြား အားပြိုင်မှုအခြေအနေ ဘယ်လိုရှိပါသလဲ။
2022-02-01
စစ်ကောင်စီဘက်က အရေးပေါ်ကာလကို ခြောက်လထပ်တိုးလိုက်ပေမယ့် စစ်တပ် မျှော်လင့်ထားသလို နိုင်ငံကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောလိုက်ပါတယ်။