သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-10
လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ဘယ်လှုပ်ရှားမှုက ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေး ပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေရဲ့ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-01-10
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီနေ့ စတင်ကျင်းပနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့် ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။
2015-01-09
သမ္မတအိမ်တော်မှာ ဒုတိယအကြိမ် နိုင်ငံရေးတွေ ဆုံဆွေးနွေးပွဲကို လာမယ့် ဇန်နဝါရီလ ၁၂ ရက် တနင်္လာနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်၊
2015-01-09
ဒီလ ၁၂ ရက်နေ့မှာ နေပြည်တော်က သမ္မတ အိမ်တော်မှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပြည်တွင်းငြိမ်း ချမ်းရေး ကိစ္စတွေကို ဆွေးနွေး ဖို့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို နိုင်ငံတော်သမ္မတက ဖိတ်ကြားထား ပါတယ်။
2015-01-09
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee နဲ့ ၂ရက်ကြာ တွေ့ဆုံခဲ့တဲ့ အရပ် ဘက် လူမှုအဖဲ့ွအစည်းကိုယ်စားလှယ်တွေက ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2015-01-07
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မနေ့ညက ရန်ကုန် အပြည် အပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ မှာ ၁၀ ရက်ကြာ နေထိုင်သွား မှာဖြစ်ပါတယ်။
2015-01-07
ဒီနှစ် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အတွက် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်ပြုထားပါတယ်။
2015-01-06
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ် ၁၁၅ ဦးက နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ဖို့ အတွက် ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
2015-01-06
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခဟာ ပြင်ပအဖွဲ့အစည်းတွေနဲ့ ကွန်ရက်အဖွဲ့တွေရဲ့ ဟန့်တားနှောင့်ယှက်မှု နဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပွား ခဲ့ရတာဖြစ်ကြောင်းနဲ့ လူနည်းစုတချို့က စီမံကိန်း ပျက်သုဉ်းရေးကို ဦးတည်နေကြ တာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အကောင် အထည်ဖော်ဆောင်ရွက်တဲ့ ကော်မတီက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
2015-01-04
နှစ်ပေါင်း ၅၀ ကျော်အကြာမှာ ပြန်လည်ကျင်းပတဲ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားကို ဒီနေ့ နေပြည်တော်မှာ ကျင်းပ ခဲ့ပါတယ်။
2015-01-04
ဒီကနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းပေါ်မှာ ရှိတဲ့ တော်ဝင်နှင်းဆီခန်းမ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပခဲ့ပါတယ်။
2015-01-03
ပဲခူးတိုင်းဒေသကြီး ရွှေမော်ဓောစေတီ အနောက် ဘက်မုဒ်ကကွင်းမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲကို ဒီနေ့ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2015-01-02
လွှတ်တော်သက်တမ်း ၄နှစ်တာကာလအတွင်း အားနည်းချက်၊ အားသာချက်တွေကို ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်တွေ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ ရန်ကုန်မြို့ဖိုးစိန်လမ်းက Green Hill ဟိုတယ်မှာတွေ့ ဆုံ ဆွေးနွေးကြပါတယ်။
2015-01-01
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေ အနေတွေနဲ့ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို "ပြည်သူသို့ အစီရင်ခံစာတင်ပြချက်"ဆိုတဲ့ခေါင်းစဉ် နဲ့ ရေဒီယိုကနေတဆင့် ဒီနေ့ မိန့်ခွန်းပြောကြား ခဲ့ပါတယ်။
2015-01-01
၂၀၁၄ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေးမှာ ဘာသာရေးကို အခြေခံတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ အမျိုး ဘာသာသာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က မျိုးစောင့်ဥပဒေ လေးခုကို ပြဌာန်းပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် အစိုးရက လွှတ်တော်ကို တင်ပြပေးခဲ့အထိ ဖြစ်ခဲ့ပါတယ်။