သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-11
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကန်တော်ကြီးအတွင်း အကောင်အထည်ဖော်မယ့် မိုးပျံပူးပေါင်း စီမံကိန်းကို ဖျက်သိန်းပေးဖို့ ကန်တော်ကြီးထဲမှာ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ကိုင်သူ ၅၀ နီးပါး စုပေါင်းပြီး ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-02-10
သင်ကြားမှုညံ့ဖျင်းပြီး ကျောင်းသူကျောင်းသားတွေအပေါ် စေတနာမထားနိုင်တဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ဝေးလံတဲ့ဒေသတွေဆီ ပို့ဆောင်မယ့် မူဝါဒသစ်ကို လာမယ့်နှစ်အတွင်း စတင်ကျင့်သုံးဖို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကြေညာလိုက်တဲ့အပေါ် ဝေဖန်မှုတွေ တိုးများလာနေပါတယ်။
2017-02-10
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်နိုင်တာနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးထားတဲ့ ရခိုင်နဲ့ ချင်း လက်နက်ကိုင်အဖွဲ့တွေက အခုလကုန်မှာကျင်းပဖို့ စီစဉ်နေတဲ့ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံကို တက်ရောက်ဖို့ အခက်အခဲ ရှိနေတယ်လို့ ပြောဆိုပါတယ်။
2017-02-10
ရန်ကုန်တိုင်းဒေသကြီးအစိုးရက အများပိုင်ယာဉ်လိုင်းစနစ် YBS ကို ဇန်နဝါရီ ၁၆ ရက်နေ့က စတင်ခဲ့လာခဲ့တာ အခု သီတင်း ၃ ပတ်ကျော်ကြာလာပြီဖြစ်ပေမယ့် ခရီးသည်တွေသွားလာရေးမှာ အခက်အခဲတွေကြုံနေရဆဲဖြစ်သလို ခရီးစရိတ်လည်း ပိုပြီးကုန်ကျနေတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။
2017-02-10
မြန်မာနိုင်ငံတဝှမ်း အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားတဲ့ အထဲ သက်ငယ်မုဒိန်းမှုက တဝက်ကျော်မက ရှိနေပါတယ်။
2017-02-08
လုပ်ကြံသတ်ဖြတ်တဲ့လုပ်ရပ်က နိုင်ငံအတွက်ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တဦးချင်း အတွက်ပဲဖြစ်ဖြစ် လုပ်ကြံသူတွေရဲ့ ရည်ရွယ်ချက်အောင်မြင်မှု ရနိုင်ရဲ့လားဆိုတာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2017-02-08
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တဲ့အခါ သဘာဝဟန်ချက်မပျက်ဖို့ အလေးထားသင့်တဲ့အကြောင်းနဲ့ တကယ်လို့ စစ်ကိုင်းမှာ ဧရာဝတီမြစ်ကိုဖို့ပြီး အဆိုတင်ထားတဲ့ အဆင့်မြင့် စီမံကိန်းဖော်ဆောင်ခွင့်ပေးလိုက်ရင် နဂိုကတည်းကမြစ်ကြောင်းပြောင်းနေလို့ ရှေးဟောင်းအမွေအနှစ်တွေ ဆုံးရှူံးမှာ စိုးရိမ်နေရတဲ့ အင်းဝမြို့ဟောင်းပိုပြီး ထိခိုက်နိုင်ဖွယ်ရှိတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-02-07
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းကြားက ပဋိပက္ခပြဿနာတွေအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင် ပါတယ်။
2017-02-07
လာမယ့်ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာကျင်းပမယ့် ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကနေ တပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်တွေရှိနေတဲ့အကြောင်း RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2017-02-07
ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် ဒေသအတွက် မေယု FM ရေဒီယို အစီအစဉ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စမ်းသပ် ထုတ်လွှင့်နေတဲ့အပေါ် ကန့်ကွက်တာတွေရှိနေ သလို လိုအပ်တယ်ဆိုတဲ့ အမြင်တွေလည်းရှိနေ ပါတယ်။
2017-02-07
NLD ဥပဒေအကြံပေး ဦးကိုနီ အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရဲချုပ်ကိုယ်တိုင် ဦးစီးဆောင်ရွက်ဖို့ ရဲချုပ်ဇော်ဝင်း နေပြည်တော်ကနေ ရန်ကုန်ကို ရောက်ရှိလာပါတယ်။
2017-02-04
စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ငြိမ်းချမ်းရေးလူထု လှုပ်ရှားမှု လမ်းလျှောက်ပွဲတွေနဲ့ ဆုတောင်းပွဲတွေ ကို ရန်ကုန်၊ မော်လမြိုင်၊ ပြည်၊ လားရှိုးနဲ့ လွိုင်ကော်မြို့တွေမှာ ဒီနေ့ ကျင်းပကြပါတယ်။
2017-02-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် အများစုပါဝင်တဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်း အဝေးတွေ စတင်ခဲ့တာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်လာခဲ့ပါပြီ။
2017-02-03
NLD ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရ တာနဲ့ ပတ်သက်ပြီး လူထုစိတ်ဝင်စားမူ မြင့်တက်နေ ချိန်မှာ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြချက်ဟာ အားအလွန်နည်းတယ်လို့ ဝေဖန်မူတွေ ဖြစ်နေပါ တယ်။
2017-02-02
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင်ပြုပြင်ဖို့ ပြည်တွင်း ပြည်ပ မှာ ဟောပြောနေတဲ့ ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့ အမှုမှာ လုပ်ကြံသူကိုရော သူ့ကိုခိုင်းစေသူတွေ ပါဖေါ်ထုတ်နိုင်ဖို့အတွက် ပြည်သူတွေ၊ သတင်း သမားတွေက ဝိုင်းဝန်းကြိုးပမ်းနေတာတွေ့ရပါတယ် ။ ဒီအကြောင်းနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။