ဧရာဝတီမြစ်ကြောင်းပြောင်းရင် အင်းဝမြို့ဟောင်းထိခိုက်နိုင်
2017.02.08
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တဲ့အခါ သဘာဝဟန်ချက်မပျက်ဖို့ အလေးထားသင့်တဲ့အကြောင်းနဲ့ တကယ်လို့ စစ်ကိုင်းမှာ ဧရာဝတီမြစ်ကိုဖို့ပြီး အဆိုတင်ထားတဲ့ အဆင့်မြင့် စီမံကိန်းဖော်ဆောင်ခွင့်ပေးလိုက်ရင် နဂိုကတည်းကမြစ်ကြောင်းပြောင်းနေလို့ ရှေးဟောင်းအမွေအနှစ်တွေ ဆုံးရှူံးမှာ စိုးရိမ်နေရတဲ့ အင်းဝမြို့ဟောင်းပိုပြီး ထိခိုက်နိုင်ဖွယ်ရှိတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။