သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-25
ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခ နှစ်ပတ်လည် ဆန္ဒပြပွဲနဲ့ ARSA အဖွဲ့က ရိုဟင်ဂျာတွေကို ကာကွယ်မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အကြောင်း ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2018-08-25
နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။
2018-08-24
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၉ ခုက တရားရုံးတွေ၊ ရဲစခန်းတွေနဲ့ ပတ်သက်လို့ တိုင်ကြားစာတွေ ရောက်နေတဲ့အတွက် ရန်ကုန်တိုင်းလွှတ်တော် “တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာ၊ အသနားခံစာများ စိစစ်ရေး ကော်မတီ” က ကွင်းဆင်းလေ့လာနေပါတယ်။
2018-08-24
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ မြစ်ရေကြီးတဲ့အတွက် ရက် ၅ဝ နီးပါးကြာ ရေလွှမ်းမိုးနစ်မြုပ်နေပြီး မြို့နယ်တစ်ခုလုံးက စီးပွားရေး၊ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေ အများအပြား ထိခိုက်ဆုံးရှုံးခဲ့ပါတယ်။
2018-08-23
ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများအရေး ဆွေးနွေးပွဲ (Global Disability Summit 2018) ကို ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာကျင်းပရာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မွေးရာပါ မသန်စွမ်းသူ မစုပုံချစ် တက်ရောက်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။
2018-08-23
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC က နိုင်ငံအနှံ့က ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေကျပ်သိန်းပေါင်း လေးထောင်ကျော်ကို ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
2018-08-23
အလုပ်သမားအငြင်းပွားမှုဖြစ်ရင် ထောင်ဒဏ်ချမှတ်နိုင်တဲ့အထိ အရေးယူနိုင်ဖို့အတွက် အမျိုးသားလွှတ်တော်က အတည်ပြုထားတဲ့အချက်ကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ဒီနေ့ ပယ်ဖျက်လိုက်ပါတယ်။
2018-08-22
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းနားမှာ အရောင်ပြောင်းနေတဲ့ ရေထုထဲမှာ ငါးနဲ့ တိရိစ္ဆာန် တွေကို အန္တရာယ်ပေးနိုင်တဲ့ ခဲဓာတ်တွေ ပါဝင်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
2018-08-22
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
2018-08-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနဲ့ စိန်ခေါ်ချက်တွေအကြောင်း ကို စင်္ကာပူနိုင်ငံ ဂရင်းဟိုက်ယက်အင်တာနေရှင် နယ် ဟိုတယ်မှာ ဟောပြောခဲ့ပါတယ်။
2018-08-22
နိုင်ငံတော် လျို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်တရားရုံးက လာမယ့်သြဂုတ်လ ၂၇ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာ ဖြစ်ပါတယ်။
2018-08-22
လူမှုကွန်ရက်စာမျက်နှာတွေမှာ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မဟုတ်မမှန်စာတွေ ရေးသားနေတဲ့ အကောင့် ၂ ခုကို စုံစမ်းဖော်ထုတ်ပေးဖို့ ပြည်ထဲရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနတွေကို အကြောင်းကြားထားကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2018-08-22
တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ ရေဘေးဒုက္ခကြုံရချိန် မှာ မြန်မာအိမ်နီးချင်း အိန္ဒိယနိုင်ငံက ပြည်နယ် တခုတည်းကတင် ရေဘေးကြောင့် လူ ၃၅၀ ကျော် သေဆုံးရပါတယ်။
2018-08-20
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့တယ်ဆိုပြီး မြန်မာ့တပ်မတော်က ထိပ်တန်းအရာရှိကြီး ၄ ဦးနဲ့ တပ်မ ၂ နှစ်မကို အမေရိကန်က သြဂုတ်လ ၁၇ ရက် သောကြာနေ့က ပိတ်ဆို့အရေးယူလိုက်ပါတယ်။
2018-08-19
ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာ့တပ်မတော်က ထိပ်တန်းအဆင့်မြင့်အရာရှိ ၄ ဦးနဲ့ တပ်မ ၂ ခုတို့ကို အမေရိကန်နိုင်ငံက သြဂုတ်လ ၁၇ ရက်နေ့က ပြစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ လုပ်လိုက်ပါတယ်။