သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-22
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ - မရှိ စောင့်ကြည့်တဲ့စင်တာတွေ ဒေသတော်တော်များများမှာ ဖွင့်လှစ်ထားသလို၊ ဒီစင်တာတွေမှာ စောင့်ကြည့်ခံရသူ အရေအတွက်လည်း တနေ့တခြား တိုးလာနေပါတယ်။
2020-04-21
ရန်ကုန်တိုင်းဧရိယာထဲက ကိုကိုးကျွန်းမြို့ဟာ ပြင်ပနဲ့ တခါတရံဆက်သွယ်နိုင်တဲ့ ရေကြောင်း၊ လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ထားလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားနိုင်အောင် လုပ်ဆောင်နေပါတယ်။ နောက်ဆုံး လေယာဉ်ခရီးစဉ်နဲ့ ပါလာသူတွေကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်ပြီးမှ နေအိမ်တွေကို ပြန်ခိုင်းခဲ့ပါတယ်။
2020-04-21
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကာလမှာ အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတချို့ရဲ့ ထုတ်ပြန် ချက်တွေဟာ အများပြည်သူ နားလည်ဖို့မလွယ်ကူဘဲ၊ ဘာကိုလုပ်ရမယ်ဆိုတာကို တိတိကျကျ မသိနိုင်တဲ့ ထုတ်ပြန်ချက်တွေ ဖြစ်နေသလို အချိန်နီးကပ်မှ ထုတ်ပြန် တာတွေလည်း တွေ့နေရပါတယ်။
2020-04-20
သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး၊ စီးပွားရေးအလားအလာကောင်းတွေရှိတဲ့ ရခိုင် ပြည်နယ်ဟာ ဘာသာလူမျိုး ပဋိပက္ခနဲ့ စစ်ရေး ပဋိပက္ခတွေ တွဲဖက်ပေါ်ပေါက်နေတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။
2020-04-19
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုတွေကြောင့် ရန်ကုန်တိုင်း ၄၄ မြို့နယ်မှာ ညမထွက်ရအမိန့်နဲ့ ခုနှစ်မြို့နယ်မှာ အိမ်ပြင်မထွက်ရအမိန့်တွေ မနေ့က ဧပြီလ ၁၈ ရက်နေ့ကစပြီး ထုတ်ပြန်သလို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီ မြို့နယ် ရှစ်ခုမှာလည်း ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။
2020-04-19
မြန်မာနိုင်ငံမှာ Covid-19 ကပ်ရောဂါ (ခေါ်) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာချိန် မှာ ဒီရောဂါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အစိုးရရဲ့ သတင်း ထုတ်ပြန်မှု၊ မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းလွန်းတယ်လို့ သတင်းစာဆရာတွေက ထောက်ပြ ဝေဖန်တာတွေ ရှိလာပါတယ်။
2020-04-19
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်တဲ့ဦးရေဟာ မနေ့က ည ၉ နာရီအထိ ၉၈ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က ထုတ်ပြန်လိုက်ပါတယ်။
2020-04-18
ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပျံ့နှံမှု အရှိန်အဟုန် ကောင်းနေတာကြောင့် ဒီကာလမှာ နှစ်ဘက်တိုက်ပွဲတွေ ရပ်တန့်ပေးဖို့နဲ့ အင်တာနက်ပြန်ရဖို့ ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေက လိုလားနေကြပါတယ်။
2020-04-18
သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ နှစ်ဆန်း တစ်ရက်နေ့က ပြန်လွှတ်ပေးလိုက်သူ ၂၄၀၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသား ၁၈ ဦးသာ ပါဝင်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အစီအစဉ်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုကြပါတယ်။
2020-04-17
ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေကို အဓိကလက်ခံပြီး ကုသတိုက်ဖျက်ရေးမှာ ရှေ့တန်းကနေပါ ဝင်ဆောင်ရွက်နေတဲ့ ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုတွေ၊ ကာကွယ်ရေး ပစ္စည်းလိုအပ်မှုတွေ၊ ဝန်ထမ်းတွေမှာ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဝေဘာဂီဆေးရုံကြီးက ပါမောက္ခ ဒေါက်တာစံပယ်ဖြူက ပြောပါတယ်။
2020-04-17
ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ်ပိုးမကူးစက်အောင် တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး သုံးပေကနေ ခြောက်ပေအကွာနေရမယ်လို့ ညွန်ကြားထားပေမယ်လည်း တစ်အိမ်နဲ့တစ်အိမ် ပူးကပ်နေတဲ့မြို့နယ်တွေက ပြည်သူတွေမှာတော့ လူအများနဲ့ ခပ်ခွာခွာနေထိုင်ဖို့ အခက်အခဲတွေရှိနေကြပါတယ်။
2020-04-16
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဖြစ်ပွားပျံ့နှံ့မှုကြောင့် တရုတ်-မြန်မာနယ်စပ် ဝင်ပေါက်တွေ ပိတ်ထားပါတယ်။ ဒီလိုအခြေအနေကြောင့် တရုတ်-မြန်မာနယ်စပ်နဲ့ ကပ်ရက်ရှိနေတဲ့ ကချင်ပြည်နယ်က ချီဖွေဒေသမှာ ဒေသခံတချို့ ဘဝရပ်တည်ရေး အခက်အခဲတွေ ကြုံနေရပါတယ်။
2020-04-16
မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ရိုးရာသင်္ကြန်ပွဲကို စည်စည်ကားကားကျင်းပလာခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါအန္တရာယ်ကြောင့် ပွဲတော်ကျင်းပခွင့်မရခဲ့ပါဘူး။
2020-04-16
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်စဉ်ကျင်းပနေကျ ရိုးရာ သင်္ကြန်ပွဲတော်ကို ဒီနှစ် မကျင်းပပါဘူး။ စည်စည်ကားကားဖြစ်ခဲ့တဲ့ မြန်မာနှစ်သစ်ကူးကာလဟာ ကမ္ဘာအနှံ့ ပျံ့နှံ့နေတဲ့ ကူးစက်ရောဂါပိုးကို အကြီးအကျယ် တိုက်ဖျက်နေရချိန်နဲ့ တိုက်ဆိုင် သွားတဲ့အတွက် ဒီနှစ်သင်္ကြန်ဟာ ခါတိုင်းနှစ်တွေရဲ့ သင်္ကြန်အနေအထားနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်။
2020-04-16
မန္တလေးမြို့က စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ ဈေးတွေထဲကို ဈေးရောင်း၊ ဈေးဝယ်ကြသူအားလုံး နှာခေါင်းစည်းတွေမပါရင် ဝင်ခွင့်မပြုဘူးလို့ ကော်မတီက အသိပေးထားပါတယ်။