သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-26
၂ဝ၁၈ ကိုနှုတ်ဆက်ပြီး ၂ဝ၁၉ ကိုပျော်ပျော်ရွှင်ရွှင်ကြိုဆိုတဲ့အနေနဲ့ RFA ရဲ့ တနှစ်တာ အသံလွှင့်အစီအစဉ်တွေထဲက အလွဲအမှား၊ရယ်မောစရာလေးတွေကို RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။
2018-12-26
ထူးခြားတဲ့ ခရစ္စမတ်အချိန်ကာလမှာ ခရစ်ယာန်ညီအကိုမောင်နှမတွေနဲ့အတူ ခရစ္စစမတ်နေ့ အကြောင်းနဲ့ အနှစ်သာရလေးတွေကို ပြောပြပြီး တဦးကိုတဦးမေတ္တာဖြန့်ဝေကြရင်း ခရစ်တော်ကို ချီးမွမ်းကြိုဆိုမယ့် အစီအစဉ်လေးပါ။
2018-12-26
တရုတ်ပြည်ရဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းဟာ ကုန်သွယ်စီးပွား ကဏ္ဍအတွက်သာဖြစ်ပြီး စစ်ရေး ရည်မှန်းချက် လုံးဝ မပါဝင်ကြောင်း မကြာခင်က တရုတ်အစိုးရက အတည်ပြု ကြေညာလိုက်ပါတယ်။
2018-12-26
စတုတ္ထတန်းသင်ရိုးညွှန်းတမ်းရဲ့ စာရိတ္တနဲ့ပြည်သူ့နီတိသင်ခန်းစာထဲက “ဝံသာနုစိတ်ဓာတ်” ဆိုတဲ့ ကဗျာထဲမှာ “သွေးနှောခြင်းကို ငါတို့မုန်း၊ လူမျိုးအညွန့်တုန်း” ဆိုပြီး သင်ပေးနေတာဟာ လူမျိုးနဲ့ ကိုးကွယ်ရာဘာသာမတူတာကို ခွဲခြားဆက်ဆံတတ်တဲ့အလေ့အကျင့် အယူအဆဖြစ်စေတဲ့အတွက် ကြပ်မတ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၀၀ ကျော်က နိုင်ငံတော်သမ္မတဆီကို အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ပေးပို့လိုက်ပါတယ်။
2018-12-23
ရက္ခိုင့်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသကျေး ရွာတွေက စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေ ကူညီဖို့သွားရောက်သူတွေကို မြန်မာ့တပ်မတော်က တားမြစ်နေပါတယ်။
2018-12-23
ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ လာကြော်ငြာထားတဲ့ တရုတ်နိုင်ငံဘက်က အငှားကိုယ်ဝန်ဆောင် ကုမ္ပဏီကို စုံစမ်းဖော်ထုတ်ပေးမယ်လို့ တရုတ်နိုင်ငံဘက်က ပြောကြားလိုက်ပါတယ်။
2018-12-22
စစ်ဌာနချုပ် နယ်မြေ ၅ ခုမှာ တပ်မတော်က ဧပြီလကုန်ထိ အပစ်ရပ်မယ်လို့ ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။
2018-12-22
ပြည်သူတွေနဲ့ နေစဉ်ထိတွေ့ လုပ်ဆောင်နေရတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲဝန်ကြီးဌာနလက်အောက်နေ အရပ်သားအစိုးရ ယန္တရားဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအောက်ကို ရွှေ့ပြောင်းတော့မယ့်အပေါ် နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေအမြင်ကို RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။
2018-12-21
အစိုးရတပ်မတော်က မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသတိုင်းတွေမှာ ဒီနေ့ကစပြီး ဧပြီလကုန်အထိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်မယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2018-12-21
အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်မှာ ဒီနေ့မနက်က ပထဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
2018-12-21
ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှာ ရွာသားငါးဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ကြီးမြို့မှာ ဒီကနေ့ လူသုံးထောင်လောက် ဆန္ဒပြခဲ့ကြပါတယ်။
2018-12-21
ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အစိုးရအဖွဲ့လက်အောက်ပြောင်းရွှေ့တော့မယ်လို့ သမ္မတရုံးပြောခွင့်ရသူကပြောပါတယ်။ ဒီလိုပြောင်းလဲမှုကို ကြိုဆိုရမှာဖြစ်သလို လူထုဆန္ဒနဲ့ ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်စစ်စစ် လက်အောက်ကိုရောက်ဖို့ လိုအပ်တယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။
2018-12-20
မြန်မာအစိုးရအနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး စတဲ့ကဏ္ဍတွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် အခွန်အကောက်ဆိုင်ရာ မူဝါဒကောင်းတွေ ချမှတ်ဆောင်ရွက်သင့်ကြောင်း ဗြိတိန်အခြေစိုက် Oxfam အဖွဲ့ရဲ့ ၂ဝ၁၈ နိုင်ငံတကာညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။
2018-12-20
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အထက်ပြူးမ ရွာအနီးမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရွာသားနှစ်ဦး အသတ်ခံခဲ့ရပြီးနောက် ရွာမှာနေထိုင်သူ ထက်ဝက်လောက် နေရာရွှေ့ပြောင်းသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-12-20
မြန်မာနိုင်ငံဟာ တရုတ်နဲ့အိမ်နီးချင်းနိုင်ငံဖြစ်လို့ အဖက်ဖက်မှာ မဖြစ်မနေဆက်ဆံနေရမှာ ဖြစ်ပေမယ့် စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့အခါ ဒေသခံတွေမနစ်နာဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိဖို့၊ ပတ်ဝန်းကျင်မပျက်စီးဖို့ ဆိုတာတွေကိုလဲ အထူးသတိထားရမယ်လို့ သုတေသီတွေကထောက်ပြပါတယ်။