လွိုင်လင်ဒေသခံတွေအသတ်ခံရမှုနဲ့ တောင်ကြီးမြို့ဆန္ဒပြပွဲ
2018.12.21

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှာ ရွာသားငါးဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ကြီးမြို့မှာ ဒီကနေ့ လူသုံးထောင်လောက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုကို ရှုတ်ချတယ်လို့ ပြောဆိုနေကြပေမယ့် ဒီလှုပ်ရှားမှုဟာ ရှမ်းလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လို့ ပအို့ဝ်အမျိုးသားတွေ သေဆုံးရတယ်ဆိုတဲ့ လူမျိုးရေးပဋိပက္ခအသွင် ဆောင်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။