သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-01
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးလက်ဒေသက ကျည်ဒဏ်ရာရ လူနာ နှစ်ဦးကို ကယ်ထုတ်ဖို့ ကြိုးစားနေပေမယ့် ကယ်ထုတ်ဖို့ခက်ခဲနေကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရဲ့ ရသေ့တောင်မြို့နယ် တာဝန်ရှိသူက ပြောပါတယ်။
2019-11-01
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့က ဖမ်းဆီးသွားပြီး သေဆုံးခဲ့တဲ့ နမ့်ခမ်းမြို့ဒေသခံ အလောင်းကို မိသားစုက ငွေခုနှစ်သိန်းပေးပြီး ပြန်ရွေးယူခဲ့ရကြောင်း သေဆုံးသွားသူတွေရဲ့ မိသားစုက ပြောပါတယ်။
2019-11-01
ကော့သောင်းမြို့မှာ ဧပြီလ ၃ ရက်နေ့က ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ ပါဝင်ဟောပြောခဲ့ကြတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကဗျာဆရာ စောဝေ တို့ကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲလိုက်ပါတယ်။
2019-11-01
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တာကို အမြန်ဆုံးပြန်လည် ရုပ်သိမ်းသင့်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က တောင်းဆိုလိုက်ပါတယ်။