သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-03
အခု ၂ဝ၂၂ ခုနှစ် ဧပြီလကစပြီး မြန်မာပြည်သူတွေအနေနဲ့ တိုးတက် ပြောင်းလဲမှု တွေကို ကြုံတွေ့ခံစားကြရ လိမ့်မယ်လို့ နာမည်ကျော် ဗေဒင် နက္ခတ်ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ ရဟန်းသံဃာတချို့ ကလည်း ဗုဒ္ဓ ဟောကြားချက်နဲ့ အညီ ပြည်သူတွေ စည်းစည်းလုံးလုံး ကြိုးပမ်းနေကြတာကြောင့် အောင်မြင်လိမ့်မယ်လို့ မိန့်ကြားကြပါတယ်။
2022-01-03
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက ဆိုးဝါးလွန်း ခဲ့တာကြောင့် အခု ၂၀၂၂ နှစ်သစ်မှာ ပြည်သူတွေ လိုလားတောင့်တတဲ့ လွတ်လပ်မှု တွေ၊ လူ့အခွင့်အရေးတွေကို အပြည့်အဝပြန်ရဖို့ကို အလွှာပေါင်းစုံက ပြည်သူတွေက မျှော်လင့်နေကြပါတယ်။
2022-01-03
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အချိန် ၁၁ လအတွင်း အသက်မပြည့်သေးတဲ့ ကလေးသူငယ် အယောက် ၉၀ နီးပါး အသတ်ခံခဲ့ရသလို မိဘတွေကိုယ်စား ဓားစာခံအဖြစ်နဲ့ ဖမ်းဆီးခံရသူ ၁၉၀ ကျော်ရှိနေပါတယ်။
2022-01-03
စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်ထိ ၁၁ လတာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် တစ်နိုင်လုံးက NLD ပါတီဝင် ၆၀၀ ကျော် အဖမ်းခံခဲ့ရပြီး အဲဒီအထဲက ၅၀၀ နီးပါးဟာ အခုချိန်ထိ အကျဥ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဇန်နဝါရီ ၁ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2022-01-01
၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက် မနေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်ကောင် စီတပ်တွေနဲ့ ကရင်နီ လက်နက်ကိုင်တပ်တွေကြား တစ်နေကုန်တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။