ရခိုင်စစ်ပွဲအပေါ် ဘယ်လိုရှုမြင်ကြသလဲ


2020.06.22


မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော်တို့အကြား တစ်နှစ်ခွဲနီးပါး ကြာမြင့်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအတွင်း လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ပြီး ဖြစ်သလို၊ လူဦးရေ တစ်သိန်းခြောက်သောင်းထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကတော့ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။  ရခိုင်ပြည်နယ်ကစစ်ပွဲ၊ AA အဖွဲ့နဲ့ တပ်မတော်အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ထိပ်တန်း သံအရာရှိဟောင်းတစ်ဦး၊  လူ့အခွင့်အရေးကျွမ်းကျင်သူတစ်ဦးနဲ့ တပ်မတော်အရာရှိဟောင်းတစ်ဦးတို့ရဲ့ ရှုမြင်သုံးသပ်ချက်တွေကို တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။