ပင်လောင်းမှာ တိုက်ပွဲပြင်းထန်ပြီး ဒေသခံ ခြောက်ထောင်ကျော် ထွက်ပြေးနေရ
RFA Burmese
2023.03.07
2023.03.07

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား ဖေဖော်ဝါရီလ ၂၄ ရက်ကနေ အခု မတ်လဆန်းအထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာမှာရှိတဲ့ စစ်တပ်ဂိတ်စခန်းကို KA နဲ့ KNDF ပူးတပ်တွေက ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်လာတာလို့ ဆိုပါတယ်။
တိုက်ပွဲစဖြစ်တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်ထောင်ဝန်းကျင် ရှိရာကနေ ဒီနေ့ မတ်လ ၇ ရက်နေ့မှာ ခြောက်ထောင်ကျော်လာပြီလို့ ပင်လောင်းဒေသ ဒုက္ခသည်အရေး ကူညီပေးနေသူ ခွန်ကျော်ဆွေက ပြောပါတယ်။
“အရင်ကတော့ ခြောက်ရွာလောက်ပေါ့ တောင်မဲသင်း၊ လုံးပျဉ်၊ ပင်ပုံ၊ နမ့်နိမ့်၊ အဲဒါကတော့ လုံးလုံးကို ရွာလုံးကျွတ် မရှိတော့ဘူးဗျ။ အိမ်ခြေ လေး၊ ငါးရာရှိတဲ့ ရွာနှစ်ရွာ၊ သုံးရွာက ရွာလုံးကျွတ် ထွက်လာပြီဆိုတော့ ပြီးရင် ဒီဘက်မှာလည်း ဆောင်းပြောင်းဆိုရင် အိမ်ခြေ တစ်ထောင်လောက် ရှိတယ်၊ တစ်ဝက်လောက်က သူတို့ မနေရဲတော့ဘူးပေါ့နော်။ အဲနားပတ်ဝန်းကျင် ဆောင်းပြောင်းကနေ ဟိုဘက်ကိုတော့ သေနတ်သံတွေက ကြားနေရပြီ ဆိုတော့ ထွက်လာပြီပေါ့၊ တချို့တချို့တွေလေ။ ကျနော်တို့သိတဲ့ စာရင်းအရဆိုရင်တော့ ခြောက်ထောင်တော့ ကျော်သွားပြီ”
ဒုက္ခသည်တွေဟာ ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊ တောင်မဲသင်း၊ လုံးပျဉ်၊ တောင်စလုံး၊ မြောက်စလုံး၊ နမ့်နိမ့်၊ ပင်ပုံ စတဲ့ ကျေးရွာတွေက ဖြစ်ပြီး ပင်လောင်းနဲ့ နောင်တရားမြို့နယ်တွေက ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံ တွေနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေမှာ ခေတ္တ နေရာချထားပေးနေရတယ်လို့ သူက ဆိုပါတယ်။
လောလောဆယ် ပင်လောင်းမှာ ဒုက္ခသည် ငါးထောင်ကျော်နဲ့ နောင်တရားမြို့နယ်မှာ တစ်ထောင်ကျော် ရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ဘာမှ ယူချိန်မရလိုက်ဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရတယ်လို့ တောင်မဲသင်းရွာက စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ညီမတို့က နဂိုကတည်းက အိမ်နားမှာ လက်နက်ကြီးကျလို့ အဲဒီလက်နက်ကြီးကို ကြောက်လို့ပေါ့နော် ဘုန်းကြီးကျောင်းအောက်မှာ သွားရှောင်ခဲ့တယ်။ သုံးညလောက် ဘုန်းကြီးကျောင်းမှာ အိပ်ပြီးတော့၊ ဘုန်းကြီး ကျောင်းနားမှာပဲဖြစ်တော့ သိပ်အဆင်မပြေဘူးပေါ့နော်။ ကလေးတွေဆိုရင်လည်း စိတ်ဒဏ်ရာတွေရသွားမှာ ကြောက်လို့ အကုန်လုံးက ပင်လောင်းဘက်ကို ပြောင်းလာကြတာပေါ့နော်။ ဘုန်းကြီးကျောင်းမှာပဲ သုံးရက် လောက်နေပြီးတော့ တိုက်ရိုက် ရှောင်ရတာဆိုတော့ ရွှေတွေ၊ ငွေတွေ၊ တစ်နှစ်စာ စိုက်ထားတဲ့ စပါးတွေ၊ ပြောင်းတွေ၊ နှမ်းတွေပေါ့နော် မရောင်းရသေးဘဲနဲ့ အိမ်မှာ ဒီအတိုင်း ကျန်ခဲ့တယ်ပေါ့နော်။ တချို့ဆို ပိုက်ဆံ လုံးဝ မပါလာတဲ့ သူတွေလည်း ရှိတယ်ရှင့်”
ထွက်ပြေးရတဲ့အထဲမှာ ကျန်းမာရေး မကောင်းတဲ့ သက်ကြီးရွယ်အိုနဲ့ မွေးဖွားကာနီး ကိုယ်ဝန်ဆောင်တွေ ပါဝင်တယ်လို့ သူက ဆိုပါတယ်။
ငွေကြေး လုံးဝ ယူမလာနိုင်သူတွေ ကျန်းမာရေး မကောင်းတဲ့အခါ ဆေးကုသဖို့ အတော် ခက်ခဲတယ်လို့လည်း အဲဒီ စစ်ဘေးဒုက္ခသည် အမျိုးသမီးက ပြောပါတယ်။
နေ့စဉ်နဲ့အမျှ တိုးလာနေတဲ့ ဒုက္ခသည်တွေအတွက် စားစရာဆန်က သုံးရက်စာလောက်သာ ကျန်တော့လို့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီ လိုအပ်တယ်လို့လည်း ပင်လောင်းမြို့နယ်က ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ခွန်ကျော်ဆွေက ပြောပါတယ်။

ပင်လောင်းမြို့နယ်ဟာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ ၈၅ မိုင်သာ ကွာဝေးတာကြောင့် စစ်ရေးအရ အရေးပါတဲ့ဒေသ ဖြစ်ပါတယ်။ စစ်တပ်ထောက်ခံတဲ့ ပအိုဝ်းပြည်သူ့စစ် အဖွဲ့တွေ အားကောင်းတဲ့နေရာလည်း ဖြစ်ပါတယ်။
"အိမ်နားမှာ လက်နက်ကြီးကျလို့ အဲဒီလက်နက်ကြီးကို ကြောက်လို့ပေါ့နော် ဘုန်းကြီးကျောင်းအောက်မှာ သွားရှောင်ခဲ့တယ်။"
စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာပဲ လက်နက်ကိုင်ခုခံမှု စတင်ခဲ့တဲ့ ကယားပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကရင်နီတပ်မတော် ရှိနေသလို အာဏာသိမ်းပြီးမှ အသစ်ပေါ်လာတဲ့ ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အားကောင်းနေပြီး အခွင့်အရေးရရင် ရသလို စစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ ခုခံတိုက်ခိုက်နေပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကို အဓိက ဆက်သွယ်ထားတဲ့ လမ်းမတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဒါကြောင့် နေပြည်တော်နဲ့ နီးကပ်တဲ့ ပင်လောင်းမြို့နယ်အထိ စစ်ရေးချဲ့ထွင်ထားတယ်လို့ ဆိုပါတယ်။
ဒါဟာ တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် စစ်ရေးအရ မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းစဉ်ဖြစ်ပြီး နေပြည်တော်အထိတိုက်ဖို့ လိုအပ်ရင်လည်း တိုက်ကိုတိုက်ရမှာ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်မတော် ဒုစစ်ဦးစီးချုပ် မာဝီ က RFA ကို ပြောပါတယ်။
“ကျနော်တို့ရဲ့ တိုက်ပွဲအခြအနေက ဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲလောက်နဲ့ ကျနော်တို့ ရပ်နေမှာ မဟုတ်ဘူးလေနော်။ ကျနော်တို့ နိုင်ရင် နိုင်တဲ့နေရာတွေကို ကျနော်တို့ ဆက်တိုးသွားမှာပဲ၊ ချဲ့သွားမှာပဲ။ နေပြည်တော်အထိ တက်လို့ရရင် တက်မှာပဲပေါနော်။ ဒါက ကျနော်တို့ရဲ့ စစ်ရေးပဲ ဖြစ်တယ်။ တစ်နိုင်ငံလုံး လွတ်မြောက်ရေးပဲ ဖြစ်တယ်။ ကျနော်တို့ နိုင်တဲ့၊ သာတဲ့ဘက်ကို ကျနော်တို့ တိုးပြီးတော့မှ လုပ်ဆောင် သွားမှာဖြစ်တယ်ပေါ့။ ကိုယ့်နေရာလေးမှာပဲ ဥနေတာမျိုး၊ ကိုယ့်နေရာလေးမှာပဲ တိုက်နေတာမျိုးထက် စစ်ရေး ရည်မှန်းချက် မြင့်မြင့်ထားပြီးတော့မှ ကျနော်တို့ နည်းဗျူဟာမြောက် တိုက်ခိုက်သွားတဲ့ ပုံစံမျိုးတွေလည်း ဖြစ်ပါတယ်ဗျ”
တိုက်ပွဲအတွင်း သေဆုံးတဲ့ ရုပ်အလောင်းတွေကို မြင်တွေ့တဲ့အခါ စစ်ကောင်စီဘက်ကနေ ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့တွေက ကူတိုက်ပေးနေတာကို သိရတယ်လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲတစ်ပွဲအတွင်း PNA တပ်ဖွဲ့ဝင် ရုပ်အလောင်း ကိုးလောင်း တွေ့ရတယ်လို့ ကရင်နီ ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
ဒီတိုက်ပွဲဟာ ပအိုဝ်းနဲ့ ကရင်နီ တိုင်းရင်းသားတွေကြား တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီနဲ့ သူတို့ကို ကူညီပေးနေသူတွေကို တိုက်ခိုက်တဲ့ တိုက်ပွဲသာ ဖြစ်တယ်ဆိုတာကို နားလည်ပေးစေချင်တယ်လို့ ဆက်ပြောပါတယ်။
ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ PNO အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းကတော့ ပင်လောင်းဒေသက ကျေးရွာတွေဟာ အရင်ကတည်းက ပအိုဝ်းပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့ နယ်မြေတွေဖြစ်ပြီး PDF တွေက ကျူးကျော်ဝင်ရောက်လာလို့ ခုခံကာကွယ်ရတာလို့ RFA ကို ပြောပါတယ်။
“ဒီရွာလေးရွာပေါ့နော်၊ လုံးပင်ရယ်၊ တောင်မဲသင်းရယ်၊ ပန်ပုံနမ့်နိမ့်ရယ် အဲဒါက ပအိုဝ်းရွာတွေပေါ့၊ PDF တပ်ဖွဲ့ က နေရာဝင်ယူပြီး ရွာသားတွေကို ဓါးစာခံလုပ်တယ်၊ အဲလို ဖြစ်တဲ့အခါကျတော့ နယ်မြေကလည်း PNO နယ်မြေ ဖြစ်တဲ့အခါကျတော့ သူ့နယ်မြေသူ ကာကွယ်ဖို့တော့ လုပ်လိမ့်မယ်လို့တော့ ကျနော် ထင်တယ်။ သူတို့ လူထုကို ကာကွယ်ရမှာနော်”

တိုက်ပွဲကြောင့် ပအိုဝ်းပြည်သူလူထုရဲ့ နေအိမ်တွေ ပျက်စီးခဲ့ရသလို ဒီရလဒ်ကြောင့် ပအိုဝ်းနဲ့ ကယန်းတိုင်းရင်းသားတွေကြား လူမျိုးရေးပြဿနာမျိုး မဖြစ်လာအောင် ထိန်းသိမ်း နေရတယ်လို့လည်း စောခွန်ကျော်ဝင်းက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်ကောင်စီဘက်ကလည်း ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကယားပြည်နယ် မြို့တော် လွိုင်ကော်နဲ့ ကျန် မြို့နယ်အချို့မှာ စစ်လက်နက်အင်အား လူအင်အား ဖြည့်တင်းထားတာ တွေ့ရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
“ဒီရက်ပိုင်းမှာ ပင်လောင်းဘက်မှာ တိုက်ပွဲပြင်းထန်တဲ့ မနေ့က အထိပေါ့နော်၊ ကျနော်တို့ ပြည်နယ်ထဲကို စစ်ကောင်စီက ဟယ်လီကော်ပတာ၊ ဟက်စကီးတွေနဲ့ ပိုပြီးတော့မှ လွိုင်ကော်မြို့ကို ဖြစ်စေ၊ အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ဖြစ်စေ၊ ဘောလခဲ ဗျူဟာထဲကိုဖြစ်စေပေါ့နော် ဟယ်လီကော်ပတာနဲ့ပဲ လူအင်အား ဖြည့်တာတွေ၊ စားနပ်ရိက္ခာ ဖြည့်တာတွေ၊ လက်နက်ဖြည့်တာတွေက ပိုများလာပါတယ်။ ပိုထူးဆန်းတာက လွိုင်ကော်မြို့ကို ပိုပြီးတော့မှ အရင်တုန်းက ဟတ်စကီးနဲ့ လူအင်အားဖြည့်တာ မလုပ်ဘဲနဲ့ အခု နောက်ပိုင်း လုပ်လာတယ်ဆိုတာက မြေပြင်အခြေအနေအရ သူတို့က သွားရ၊ လာရတာ ပိုကျပ်တည်းလာတယ်လို့ ရှုမြင်ပါတယ်”
လက်ရှိမှာ စစ်ရေးအရ အရေးပါတဲ့ ပင်လောင်းမြို့ကို စစ်ကောင်စီတပ်နဲ့ ကရင်နီ ကာကွယ်ရေးတပ် နှစ်ဖက်စလုံးက ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး တိုက်ပွဲတွေ ရပ်တန့်မယ့် အခြေအနေ မတွေ့ရသေးဘူးလို့ ကိုဗညားက ပြောပါတယ်။
ပင်လောင်းဒေသက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF ရဲ့ အခုလ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ ကယားပြည်နယ် အတွင်းမှာ ဖေဖော်ဝါရီလ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၅ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်အထိ လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
တိုက်ပွဲမရှိတဲ့ ရက်တွေမှာပါ လူနေရပ်ကွက်နဲ့ ကျေးရွာတွေအထိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်လအတွင်း ပင်လောင်း၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့မြို့နယ်တွေက အရပ်သား ရှစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။