နာဂစ်ကြောင့် ပြောင်းရွှေ့နေထိုင်ကြရတဲ့ မိသားစုအခြေအနေ
2015.05.06
၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်လေမုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ လပွတ္တာမြို့နယ်၊ ကျေးရွာအုပ်စုပေါင်း ၁၃ ခုက မိသားစု ၉ဝ ကျော်ဟာ လပွတ္တာမြို့ နားက ၃ မိုင်မြို့သစ်မှာ မူလနေထိုင်ခဲ့တဲ့ နေရာကနေ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
အဲဒီလို ၃ မိုင်မြို့သစ်မှာ ပြောင်းရွှေ့နေထိုင်နေတဲ့မိသားစုတွေကို မြို့နယ်အုပ်ချုပ်ရေး က နေခွင့်မပေးတာကြောင့် ပြောင်းရွှေ့စရာ နေရာမရှိဖြစ်နေပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။