ရေဘေးဒုက္ခသည် ဦးရေ ၁ သိန်း ၇ သောင်းကျော်ရှိနေ
2016.08.05
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်မှုကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုမှာ ဒီကနေ့အထိ ရွှေ့ပြောင်းရတဲ့ ရေဘေးဒုက္ခသည် ဦးရေ ၁ သိန်း ၇ သောင်းကျော် ရှိနေပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေကို အစိုးရနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက လုပ်ဆောင်နေပေမယ့် ရေကြီးတာကြောင့် သွားလာရခက်ခဲတဲ့ ကျေးရွာတွေမှာတော့ အကူအညီတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။
RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။