ရန်ကုန်မှာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ဆန္ဒပြ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရား ရုံးကနေ ကျောင်းသား ၄ ယောက် ကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ အခြေခံကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၂၀ လောက်က ဒီကနေ့ရန်ကုန်မြို့မှာ ဆန္ဒပြကြပါတယ်။

မန္တလေး ချမ်းအေးသာစံမြို့နယ် တရာရုံးကနေ ကျောင်းသားလေးယောက် ကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ဗကသ နဲ့ အကသအဖွဲ့ဝင်တွေ ရန်ကုန်မြို့မှာ ဒီနေ့ မေလ ၁၀ ရက်နေ့မှာ ဆန္ဒပြတာကို တွေ့မြင်ရစဉ် Photo: Htet Arkar /RFA

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးကနေ ကျောင်းသား ၄ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ အခြေခံကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်း သား ၂၀ လောက်က ဒီကနေ့ရန်ကုန်မြို့မှာ ဆန္ဒပြကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ အကသ ဥက္ကဌ ကိုအောင်မင်းခန့်က ဖမ်းဆီးခံကျောင်းသား ၄ ဦးကို လွှတ်ပေးရေးနဲ့ အကျဉ်းထောင်ထဲမှာ ကျရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြတာဖြစ်တယ်လို့ ပြောပါတယ်။

"ကျောင်းသားတွေကို သံကြိုးခတ်ပြီးတော့ ခွေးလိုနွားလို ခေါ်သွားတာ အဲကိစ္စကို ကျနော်တို့က လုံးဝ လက်မခံဘူး၊ ဒီလို ဒီမိုကရေစီခေတ်မျိုးမှာလည်း နိုင်ငံရေးအကျဉ်းသား လုံးဝမရှိသင့်ဘူး၊ အဲတော့ နိုင်ငံရေးအကျဉ်းသားနဲ့ ကျောင်းသားတွေကို အမြန်ဆုံးလွှတ်ပေးပါ၊ အဲဒါတောင်းဆိုချင်ပါတယ်"

ဆန္ဒပြကျောင်းသားတွေဟာ သိမ်ကြီးဈေးကနေ မြို့တော်ခန်းမရှေ့အထိ ချီတက်ပြီး ဖမ်းဆီးခံကျောင်းသားလေးဦးနဲ့ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်၊ အကြမ်းဖက်မှု အလိုမရှိ ဆိုတာတွေကို ကြွေးကြော်ပြီး ချီတက်ဆန္ဒပြကြ တာဖြစ်ပါတယ်။

စစ်ကိုင်းပညာရေး ကောလိပ်က ကျောင်းအုပ်ချုပ်ရေးစနစ်ကို မကြိုက်လို့ဆိုပြီး ပြီးခဲ့တဲ့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို မနေ့က ချမ်းအေးသာစံမြို့နယ် တရားရုံးက ထောင်ဒဏ်လေးလစီ ချမှတ်လိုက်တာဖြစ်ပါတယ်။

အဲဒီကျောင်းသားလေးဦးကို ခွင့်ပြုမိန့်မတင်ဘဲ ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေ ပုဒ်မ၁၉ နဲ့ထောင်ဒဏ် ၃ လစီ ချမှတ်ခံခဲ့တာဖြစ်ပြီး တရားခွင်ကို သပိတ်မှောက်ခဲ့တဲ့အတွက် ဒဏ်ငွေချမှတ်ရာမှာ ကျောင်းသားတွေဘက်က မဆောင်ခဲ့တဲ့အတွက် ထောင်ဒဏ်တစ်လစီ ထပ်တိုး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org