ရန်ကုန်မှာ YBS 20 ခရီးသည်ယာဉ် တစ်စီး မီးရှို့ခံရ

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဆင်မလိုက်မှတ်တိုင်အနီးမှာ YBS 20 ခရီးသည်တင်ယာဉ်လိုင်းက ဘတ်စ်ကား တစ်စီး အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရန်ကုန်မြို့မှာ YBS 20 ခရီးသည်တင်ယာဉ်လိုင်း ဘတ်စ်ကား တစ်စီး မီးလောင်ထားတာကို ၂၀၂၁ အောက်တိုဘာ ၃၁ ရက်နေ့က တွေ့ရစဉ် Photo: CJ

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဆင်မလိုက်မှတ်တိုင်အနီးမှာ YBS 20 ခရီးသည်တင်ယာဉ်လိုင်းက ဘတ်စ် ကား တစ်စီး အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြော ပါတယ်။

မီးလောင်နေတဲ့ YBS 20 ဘတ်စ်ကားကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်နိုင်ခဲ့တာကြောင့် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီဘတ်စ်ကားကို ဓာတ်ဆီပုလင်းနဲ့ မီးရှို့ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အဲဒီယာဉ်လိုင်းရဲ့ ကုမ္ပဏီဖြစ်တဲ့ Omnifocus ကတော့ ဖြစ်စဉ်အတွင်း ယာဉ်ပေါ်မှာ ခရီးသည် ၉၀ ခန့် ပါဝင် ခဲ့ပြီး ခရီးသည်တွေ လုံခြုံအောင်ဆောင်ရွက်ပေးတဲ့ ယာဉ်မောင်းဝန်ထမ်းကို ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ထား ပါတယ်။

YBS 20 ဟာ သခင်မြပန်းခြံကနေ လှိုင်သာယာ ဒဂုံဧရာအဝေးပြေးကို ခရီးသည်တင်ပြေးဆွဲနေတဲ့ ယာဉ်လိုင်း တစ်လိုင်းဖြစ်ပြီး Omnifocus ကုမ္ပဏီရဲ့ ရန်ကုန်မြို့ထဲက ယာဉ်လိုင်း ၇ လိုင်းထဲက တစ်လိုင်းဖြစ်ပါတယ်။

OMNI FOCUS GENERAL SERVICES PUBLIC COMPANY LIMITED ဟာ ၁၉၆၂ ခုနှစ်က အာဏာ သိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းနဲ့ မြေးဖြစ်သူ ဦးကျော်နေဝင်းတို့ အပါအဝင် ဒါရိုက်တာ ခုနစ်ယောက်နဲ့ ဦးဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပြီး၂၀၁၂ ခုနှစ် မတ်လ ၅ ရက်နေ့မှာ မှတ်ပုံတင်ထားတဲ့ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်တာကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org