ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ပြင်ဆင်ဖို့ လွှတ်တော်ဆုံးဖြတ်


2015.02.24
whitecard-305.jpg စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှာ ထုတ်ပေးထားတဲ့ White Card တစ်ခုကို မြင်ရစဉ်
Photo: Min Thein Aung/RFA

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုထားတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ နဲ့ ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ပြင်ဆင် မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ် လိုက်ပါတယ်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးခွင့်ပြုထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်း ခုံရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် အတည်ပြုပြဌာန်းထားတဲ့ သက်ဆိုင်ရာဥပဒေတွေ ကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးသိန်းထွန်းဦးက ဒီနေ့ တင်ပြခဲ့တာဖြစ်ပါတယ်။

"ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဆိုတဲ့ စကားရပ်များကို ပယ်ဖျက်ပြီး ပြင်ဆင်သည့် ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ကဖြစ်စေ တည်ဆဲဥပဒေများနဲ့အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း အစီရင်ခံစာတင်ပြအပ်ပါသည်"

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒီလ ၁၆ရက်နေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံလက်မှတ်တွေကို ပြန်လည်အပ်နှံဖို့ နိုင်ငံတော်သမ္မတက ကြေညာထားပေမဲ့ မဲပေးခွင့်ပြုထားတဲ့ ဥပဒေတွေရှိနေသေးတာကြောင့် အဲဒီဥပဒေတွေကိုပါ ရုပ်သိမ်းပေးဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြို့ခံတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။