မိုးလေဝသ ခန့်မှန်းနိုင်မယ့် ရေဒါစနစ် တိုးချဲ့တပ်ဆင်သွားမည်

ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် JICA က မြန်မာနိုင်ငံမှာ ဒုတိယမြောက် မိုးလေဝသ ကြိုတင်ခန့်မှန်း တွက်ချက်နိုင်မယ့် ရေဒါစနစ် တည်ဆောက်မှာကို ကူညီသွားမယ်လို့ သိရပါတယ်။

အောက်ူမန်မာိံိုင်ငံတြင် မိုးသည်းထန်စြာ ႟ြာသြန်းနေပုံ ူဖစ်ပၝသည်။ (Photo: AFP) (Photo: AFP)

လာမယ့် ၂၀၁၃ ခုနှစ် အစောပိုင်းမှာ လက်ရှိ ရှိပြီးသား မိုးလေဝသခန့်မှန်း တိုင်းထွာရေး ရေဒါစနစ် ပိုကောင်းလာအောင် JICA က ကူညီမှာဖြစ်ပြီး ရေဒါစနစ်ကို ရန်ကုန်၊ မန္တလေး အပြင် ရခိုင်ပြည်နယ်က ကျောက်ဖြူမြို့မှာပါ တပ်ဆင်သွားမယ်လို့ သိရပါတယ်။

ဒီနှစ်မြန်မာနိုင်ငံမှာ မုန်တိုင်းဝင်ရောက် တိုက်ခတ်မှု နည်းသွားပေမယ့်၊နိုင်ငံတောင်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေ မကြာခဏ ဖြစ်ခဲ့ပြီး နိုင်ငံရဲ့မြောက်ပိုင်းမှာတော့ မိုးခေါင်ရေရှားမှုနဲ့ ကြုံရတာကြောင့် သီးနှံထွက်ရှိမှု အားနည်းခဲ့တယ်လို့ ဆိုပါတယ်။

အရင်တုန်းကလည်း မြန်မာနိုင်ငံဟာ ပထမဆုံးအာကာသကို ဂြိုလ်တုအသေးစားလေး လွှတ်တင်ပြီး မိုးလေဝသဆိုင်ရာ အခြေအနေကို ကြိုတင်အကဲခတ်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org