အမေရိကန်တက္ကသိုလ်နဲ့ မြန်မာဝန်ကြီးဌာန ပူးပေါင်းရေး လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ သစ်တောသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ အမေရိကန် ဗားမောင့် ဥပဒေ ပညာသင်ကျောင်း (Vermont Law School) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ် ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

မြန်မာနိုင်ငံ သစ်တောသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ အမေရိကန် ဗားမောင့် ဥပဒေပညာသင်ကျောင်း Vermont Law School တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုး လိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ မကြာသေးခင်က လက်မှတ်ရေးထိုးလိုက်တာလို့ ဗားမောင့် ဥပဒေပညာသင်ကျောင်းက ဧပြီလ ၁၄ ၇က်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ပူးတွဲသုတေသနပြုလေ့လာရေး၊ မူဝါဒရေးဆွဲရေး၊ မြန်မာဝန်ကြီးဌာနရဲ့ လိုအပ်ချက် ပေါ်မူတည်ပြီး နည်းပညာနဲ့ စွမ်းရည်မြှင့်တင်ပေးရေး စတာတွေ ပါဝင်ပြီး၊ MOU သဘောတူညီချက်ဟာ ၃ နှစ် သက်တမ်းရှိမယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org