မြန်မာနိုင်ငံကို စစ်ရေးကူညီမှု ရပ်ဆိုင်း

မြန်မာနိုင်ငံအပါအဝင် ကလေးစစ်သားအသုံးပြုတဲ့ ငါးနိုင်ငံကို အမေရိကန်ပြည်ထောင်စုက စစ်ရေးအကူအညီတွေ ပိတ်ပင်လိုက်တယ်လို့ အမေရိကန်အရာရှိတွေက ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

အရွယ်မရောက်သော ကလေးစစ်သားများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်း အခမ်းအနားတစ်ခုကို တွေ့ရစဉ်

မြန်မာနိုင်ငံအပါအဝင် ကလေးစစ်သားအသုံးပြုတဲ့ ငါးနိုင်ငံကို အမေရိကန်ပြည်ထောင်စုက စစ်ရေးအကူအညီတွေ ပိတ်ပင်လိုက်တယ်လို့ အမေရိကန်အရာရှိတွေက ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးစစ်သားတွေအသုံးပြုနေတဲ့  ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ မြန်မာနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတွေကို အခုလို အရေးယူပိတ်ဆို့လိုက်တာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့တာပါ။ တဆက်တည်းမှာပဲ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုထံကနေ စစ်ရေးအကူအညီတွေ ရယူနေခြင်းရှိမရှိကိုတော့ မိမိအနေနဲ့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်ဒ် Linda Thomas-Greenfield  က ပြောပါတယ်။

အခု အရေးယူလိုက်တဲ့နိုင်ငံတွေမှာ ကလေးစစ်သားစုဆောင်း အသုံးပြုမှုတွေ ရပ်ဆိုင်းသွားအောင် အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ရည်မှန်းချက်ထားရှိပါတယ်လို့လည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org