လက်နက်ကိုင်ပုန်ကန်မှုတွေကို စစ်ကောင်စီ နှိမ်နင်းနိုင်မည်မဟုတ်ကြောင်း ကန် သံတမန်ပြော

မြန်မာစစ်အုပ်စုဟာ သူ့ကို လက်နက်ကိုင် တိုက်ခိုက်ဆန့်ကျင်ကြတဲ့သူတွေကို နှိမ်နင်းနိုင်မယ့်ပုံမပေါ်ဘူး၊ ဒီမိုကရေစီ လမ်းကြောင်းကိုရောက်အောင် ပြန်သွားသင့်တယ်လို့ အမေရိကန် အကြီးတန်းသံတမန် တစ်ဦးက ပြောလိုက်တဲ့အကြောင်း Reuters သတင်းမှာ ဒီကနေ့ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ် Photo: AFP

မြန်မာစစ်အုပ်စုဟာ သူ့ကို လက်နက်ကိုင် တိုက်ခိုက်ဆန့်ကျင်ကြတဲ့သူတွေကို နှိမ်နင်း နိုင်မယ့်ပုံမပေါ်ဘူး၊ ဒီမိုကရေစီ လမ်းကြောင်းကိုရောက်အောင် ပြန်သွားသင့်တယ်လို့ အမေရိကန် အကြီးတန်းသံတမန် တစ်ဦးက ပြောလိုက်တဲ့အကြောင်း Reuters သတင်းမှာ ဒီကနေ့ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ ဆုံးရှုံးမှုတွေ အကြီးအကျယ်ကြုံနေရတယ်၊ သူတို့ရဲ့ ပိုင်နက်တွေလည်း ဆုံးရှုံးနေတယ်၊ လက်တွေ့ကျကျ စဉ်းစားရင် သူပုန်တွေကို သူတို့နိုင်ချေမရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ Derek Chollet က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းသမားတွေကို သောကြာနေ့က ပြောခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာမှာတင်မကပဲ ပြည်တွင်းမှာပါ ဖယ်ကျဉ်ခံထားရလို့ အထီးကျန် ဖြစ်နေပြီ၊ တိုက်ခိုက်မှုတွေကိုရပ်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားသင့်ပြီလို့လည်း Derek Chollet ကပြောပါတယ်။

အမေရိကန်သံတမန်ရဲ့ အခုလိုပြောဆိုမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့တုံ့ပြန်ချက်ရဖို့ Reuters သတင်းဌာနက စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ဆီ တယ်လီဖုန်းနဲ့ ဆက်သွယ်မှုတွေ လုပ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မြန်မာ့ပြဿနာကို ဖြေရှင်းရေးမှာ တရုတ်နိုင်ငံဟာ အစိတ်အပိုင်းတစ်ခုအဖြစ် မျှော်လင့်လို့ ရနိုင်တယ်လို့ အမေရိကန်သံတမန် Derek Chollet ကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org