ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်သွားရင် စစ်ရေးပူးပေါင်း ဆောင်ရွက်မည်

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်သွားမယ် ဆိုရင် အမေရိကန် အနေနဲ့ မြန်မာနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Leon Panetta က ဒီကနေ့ပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပသည့် အာရှလုံခြုံရေးဆိုင်ရာ ညီလာခံတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က မိန့်ခွန်း ပြောဆိုနေစဉ်။ AFP

ကာကွယ်ရေး ဝန်ကြီး Leon Panetta က စင်္ကာပူနိုင်ငံ မှာ ကျင်းပတဲ့ အာရှလုံခြုံရေး ဆိုင်ရာ ညီလာခံမှာ မိန့်ခွန်း ပြောရာမှာ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးနေကြောင်း၊ ကာကွယ်ရေးပိုင်း ပူးပေါင်း ဆောင်ရွက်မှုမှာ မြန်မာနဲ့အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုတွေ ရှိဖို့လိုအပ်ကြောင်း ဆက်လက် သတိပေး ပါတယ်။

အာရှလုံခြုံရေးဆိုင်ရာ ညီလာခံကို နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှုးပြုလုပ်တာ ဖြစ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org