တက္ကသိုလ်ပညာရေး ဥပဒေ မူကြမ်း ပြန်လည် ရေးဆွဲရန် အတည်ပြု

မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကို ပညာရေးမြှင့်တင်မှု ကော်မတီက လက်ရှိတင်ပြထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံဆွေးနွေးတင်ပြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။

2012.07.31
assk-parliament-073112-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ တက္ကသိုလ် ပညာရေး ဥပဒေ မူကြမ်းအသစ် ပြန်လည် ရေးဆွဲရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်။
RFA

အဲဒီ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်း နဲ့ ပတ်သက်ပြီး ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ပါဝင်ဆွေးနွေးကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောကြားတာ ဖြစ်ပါတယ်။

ဒီတက္ကသိုလ် ပညာရေး ဥပဒေကြမ်းဟာ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ခန့်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ပြင်ဆင်မွန်းမံထားခြင်း ဖြစ်တယ်ဆိုကာ တခြားလွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးသိန်းညွန့်၊ သူရဦးအောင်ကိုနဲ့ ဒေါ်တင်နွယ်ဦးတို့ကလည်း ဝိုင်းဝန်း ကန့်ကွက် ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလို လွှတ်တော် ကိုယ်စားလှယ်တွေက ဝိုင်းဝန်း ဆွေးနွေးခဲ့ ကြပြီးနောက်မှာ ဒီအဆိုကို အသစ်ပြန်လည်ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံတင်ပြ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အတည်ပြုခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။