ကိုးကန့်နဲ့ တအာင်းတပ်မတော်ကို ပါဝင်ခွင့်ပေးဖို့ UNFC အကြီးအကဲ တိုက်တွန်း
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ အစိုးရနဲ့ လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ PSLF /TNLA တအာင်း ပလောင်အဖွဲ့တွေလည်း ပါဝင်ဖို့ လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအကြီးအကဲက တိုက်တွန်း လိုက်ပါတယ်။
-
2015-06-03 -
-
-
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ အစိုးရနဲ့ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ PSLF/TNLA တအာင်း ပလောင်အဖွဲ့တွေလည်း ပါဝင်ဖို့လိုအပ်ကြောင်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအကြီးအကဲ က တိုက်တွန်းလိုက်ပါတယ်။
ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ညီလာခံဒုတိယနေ့ မိန့်ခွန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ဆိုတဲ့မူကို ကိုင်စွဲထားကြဖို့ UNFC ဥက္ကဌအဖြစ်တာဝန်ယူ ထားတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြော ကြားလိုက်တာပါ။
"တအာင်းအဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့ဟာ UNFCနဲ့ NCCT အဖွဲ့ဝင်တွေစစ်ပါတယ်၊ တစ်နိုင်ငံလုံးပစ်ခတ် ရပ်စဲရေးဆိုတဲ့ စကားရပ်နဲ့အညီ ရပ်စဲရေးလက်မှတ်ထိုးရာ မှာ သူတို့လည်း ပါဝင်သင့်တယ်လို့ ယူဆပါတယ်၊ အဖွဲ့ဝင်အားလုံးပါဝင်လက်မှတ်ထိုးရေးကို ဆက်လက် ဆွဲကိုင်သွားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်"
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေး ပွဲတွေကျင်းပဖို့ အစိုးရက ပြောထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးဟာ နိုင်ငံတော် အစိုးရကပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာပါတဲ့ ဖက်ဒရယ်စနစ်နဲ့ ကွာခြားချက်တွေရှိ တာကြောင့် သတိထားရမယ့် ကိစ္စဖြစ်တယ်လို့ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိုနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သဘောထားတွေကို တင်ပြဆွေးနွေးကြပါတယ်။
ညီလာခံကို တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် Sun Guoxiang ၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေး ရှင်း မြန်မာနိုင်ငံ ဆက်ဆံရေးရုံးက Yuji Mori နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး Vjay Nambiar တို့လည်း လေ့လာသူတွေအဖြစ် တက်ရောက်နေပါတယ်။
လော်ခီးလာ ညီလာခံကို ဇွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး ဝပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော် UWSA ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် မိုင်းလားတပ်ဖွဲ့နဲ့ ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့တော့ မတက်ရောက်ဘူးလို့ သိရပါတယ်။