ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို သူရဦးရွှေမန်းပါတီမှာ ပါဝင်ဖို့ ကမ်းလှမ်း

ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က ပါတီဝင်ဖို့ ပါတီက ကမ်းလှမ်းထားကြောင်း သိရပါတယ်။

တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင် ကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရကေ်န့က တွေ့ရစဉ် Photo: Htet Arkar/ RFA

ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က ပါတီဝင်ဖို့ ပါတီက ကမ်းလှမ်းထားကြောင်း သိရပါတယ်။

UBP က ပါတီမှာ ပါဝင်ဆောင်ရွက်ဖို့ ကမ်းလှမ်းထားတာမှန်ကန်ကြောင်းနဲ့ အဲဒီကိစ္စကို မဆုံးဖြတ်ရသေးကြောင်း ရန်ကုန်ခေတ်သစ်မီဒီယာကို ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောကြားထားပါတယ်။

ဒါ့အပြင် မနေ့က မန္တလေးမြို့မှာ ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲမှာလည်း နိုင်ငံရေးကို လေ့လာနေကြောင်း ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ထွက်ဆိုခဲ့တာကြောင့် ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ် တစ်နှစ် ကျခံခဲ့ရပါတယ်။

သူဟာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည် အထူးဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org