NLD ပြည်နယ်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ ပါတီဝင်တစ်ဦးကို ထောင်ဒဏ်ချမှတ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ ပါတီဝင် ကိုသန့်ဇင်ဖြိုး တို့ကို စက်တင်ဘာ လ ၁၇ ရက် ဒီနေ့မှာ တောင်ကုတ်မြို့နယ် တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လ ချမှတ်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေက RFA ကို ပြောပါတယ်။

တောင်ကုတ် NLD ပါတီဝင် ကိုသန့်ဇင်ဖြိုးနဲ့ အမတ်ဟောင်း ဦးမင်းအောင် တို့ကို တွေ့ရစဉ် Photo: CJ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ ပါတီဝင် ကိုသန့်ဇင်ဖြိုး တို့ကို စက်တင်ဘာလ ၁၇ ရက်နေ့ ဒီနေ့မှာ တောင်ကုတ်မြို့နယ် တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်နဲ့ နှစ်လ ချမှတ်လိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကို ပြောပါတယ်။

ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၂ နှစ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၅ အတွက် ထောင်ဒဏ် ၂ လ၊ စုစုပေါင်း ချုပ်ရက်အပါအဝင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လ ချမှတ် ခံလိုက်ရတာဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်သိင်္ဂီမောင် က ပြောပါတယ်။

သူတို့နှစ်ဦးဟာ စစ်တပ်က အာဏာသိမ်းတာကို တောင်ကုတ်မြို့မှာ ဆန့်ကျင်ဆန္ဒပြလို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အဲဒီပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာပါ။

အခုလက်ရှိမှာတော့ သူတို့နှစ်ဦးလုံးကို သံတွဲအကျဥ်းထောင်ကို ပို့ဆောင်ခံထားရပြီး ကာယကံရှင်တွေရဲ့ ဆန္ဒအရ သံတွဲခရိုင်တရားရုံးမှာ အယူခံဝင်ဖို့ ပြင်ဆင်နေပြီလို့လည်း အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

ဦးမင်းအောင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ နဲ့ ထပ်မံတရားစွဲခံထားရပြီး အဲဒီအမှုအတွက် လက်ဆက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး သုံးဦးကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲ ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org