မန္တလေး ပစ်ခတ်မှုအတွင်း အရပ်သားသေဆုံးမှုအပေါ် သံရုံးနှစ်ခု ထုတ်ပြန်

မန္တလေးမြို့မှာ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံး ထိခိုက်မှုတွေ ရှိနေတဲ့အတွက် ပစ်ခတ်မှုတွေကို ဆက်လက်စောင့်ကြည့်နေကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ဒီကနေ့ မွန်းလွဲပိုင်းမှာ ချက်ချင်းသတင်းထုတ်ပြန်လိုက်ပါတယ်။

မန္တလေးမှာ ၂၀၂၁ ဇွန် ၂၂ ရက်နေ့က စစ်ကောင်စီတင့်ကားကို တွေ့ရစဥ် Photo CJ

မန္တလေးမြို့မှာ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံး ထိခိုက်မှုတွေရှိနေတဲ့အတွက် ပစ်ခတ်မှုတွေ ကို ဆက်လက်စောင့်ကြည့်နေကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ဒီကနေ့ မွန်းလွဲပိုင်းမှာ ချက်ချင်းသတင်း ထုတ်ပြန်လိုက်ပါတယ်။

စစ်မက်ရေးရာ တင်းမာလာမှုကို စိုးရိမ်ပူပန်တဲ့အတွက် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့လည်း အမေရိကန် သံရုံးက တောင်းဆိုထားပါတယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း မန္တလေးမြို့မှာ ဒီကနေ့ဖြစ်ပွားခဲ့တဲ့ မြို့ပြတိုက်ပွဲဟာ စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်ရတဲ့ လူသေဆုံးမှုကို ထပ်မံတိုးပွားစေခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီအကျပ်အတည်းကို အဆုံးသတ်နိုင်မယ့် ရေရှည်တည်တံ့ပြီး ယုံကြည်စိတ်ချရတဲ့လုပ်ငန်းစဉ်တွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ကာလအတွင်းက လူထုရွေးချယ်မှုကို လေးစားဖို့၊ နိုင်ငံတကာက ထောက်ခံတဲ့ ဂျာကာတာထိပ်သီး အစည်း အဝေးရဲ့ သဘောတူညီချက် (၅) ရပ်ကို အမြန်အကောင်အထည်ဖော်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာ မန္တလေးမြို့မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေက မီးမောင်းထိုးပြနေတယ်လို့ ပြင်သစ်သံရုံးရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။

မန္တလေးမြို့က ဇွန် ၂၂ ရက်မနက် ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ စစ်တပ်နဲ့ အရပ်သားလက်နက်ကိုင်တပ်တွေ အကြားအပြင်အလှန်ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်ဘက်က ထုတ်ပြန်ချက်မှာတော့ လက်နက်ကိုင်အရပ်သား ၈ ဦးကို အရှင်ဖမ်းမိပြီး ၈ ဦးကို အသေဖမ်းမိတယ်လို့ ဖော်ပြခဲ့ပါတယ်။

မန္တလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ချေမှုန်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ဇီးကွက်ကတော့ ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်စဉ်မှာ သူတို့ဘက်က သေဆုံးသူ သုံးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ တစ်ဦးရှိခဲ့တယ်လို့ ဒီနေ့ညနေ ၃ နာရီခန့်က RFA ကိုပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org