တောင်ကုတ်က NLD အမတ်နဲ့ ပါတီဝင်တစ်ဦး ဘေးစီမံဥပဒေနဲ့ အမှုဖွင့်ခံရ

2021.02.10
တောင်ကုတ်က NLD အမတ်နဲ့ ပါတီဝင်တစ်ဦး ဘေးစီမံဥပဒေနဲ့ အမှုဖွင့်ခံရ စစ်အစိုးရဆန့်ကျင်ရေး ရခိုင်ပြည်နယ်က ဆန္ဒပြပွဲ တစ်ခုကို ၂၀၂၁ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: WTO

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ အာဏာသိမ်းအစိုးရကို အလိုမရှိကြောင်း ဆန့် ကျင်ဆန္ဒပြခဲ့တဲ့ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နဲ့ NLD ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်ခံထားရပါတယ်။

သူတို့နှစ်ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မနေ့က မနက်ပိုင်းမှာ ပါတီရုံးကနေ ရဲအင်အား ၁၀ လောက်နဲ့ ဖမ်းဆီးသွားတာဖြစ်ပါတယ်။

မနေ့က ညနေပိုင်းမှာ အခုလို အမှုဖွင့်ခံလိုက်တာဖြစ်တယ်လို့ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က RFA ကို ပြောပါတယ်။

အခုလက်ရှိ သူတို့နှစ်ဦးကို ပြန်လွှတ်ပေးဖို့ကို ရဲစခန်းရှေ့မှာ လူအင်အား ၅၀ ကျော်ဆန္ဒပြတောင်းဆို နေကြပါတယ်။

RFA က တောင်ကုတ်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

တောင်ကုတ်မြို့နယ်မှာ မနေ့က မနက်ပိုင်းက လူအင်အား ၃၀၀၀ ကျော်နဲ့ အာဏာသိမ်း အစိုးရကို အလိုမရှိကြောင်း မြို့ကိုပတ်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။