ညဉ်းပမ်းနှိပ်စက်မှုဆန့်ကျင်ရေး ကုလပဋိဉာဉ်ကို လက်မှတ် ထိုးဖို့ မြန်မာကို တိုက်တွန်း

ညဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးနဲ့ လူ့သိက္ခာ ကိုနိမ့်ကျစေတဲ့ အပြစ်ပေးမှုများဆိုင်ရာ ရပ်တန့်ရေး ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးလိုက်နာဖို့ မြန်မာအာဏာပိုင်တွေကို လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး Amnesty International (AI) က ဒီကနေ့ ကြေ ညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ညဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးနဲ့ လူ့သိက္ခာကိုနိမ့်ကျစေတဲ့ အပြစ်ပေးမှုများဆိုင်ရာ ရပ်တန့်ရေး ကုလ သမဂ္ဂ ပဋိဉာဉ်စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးလိုက်နာဖို့ မြန်မာအာဏာပိုင်တွေကို လန်ဒန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International (AI) က ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ညဉ်းပမ်းနှိပ်စက်ခံရသူများအားပေးကူညီရေး နိုင်ငံတကာနေ့နဲ့တိုက်ဆိုင်ပြီး AI က အခုလို ကြေညာချက် ထုတ်ပြန်တောင်းဆိုတာဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ လုံခြုံရေးကဏ္ဍမှာ တရားဥပဒေစိုးမိုးမှုရှိစေရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ့်အကြောင်း အကြိမ်ကြိမ် ကတိကဝတ်တွေ ပေးထားပေမဲ့ ရဲတပ်ဖွဲ့နဲ့စစ်ဖက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ညဉ်းပမ်းနှိပ်စက် တာတွေနဲ့ လူမဆန်စွာ အပြစ်ပေးဆက်ဆံတာတွေ၊ ဒီလိုအမှုမျိုးတွေမှာ ညဉ်းပမ်းနှိပ်စက်သူတွေကို အရေးမယူ ပဲရှိနေတာတွေကို ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိနေ ဆဲဖြစ်ကြောင်းလည်း AI က ထောက်ပြန်ဝေဖန်ထား ပါတယ်။

အဖွဲ့ကြီးအနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ရဲတပ်ဖွဲ့ စစ်ဖက်ဆိုင်ရာအာဏာပိုင်တွေက ညဉ်းပမ်းနှိပ်စက် မှုတွေနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ အမှုတွေများစွာရှိကြောင်း၊ ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို လက်မှတ်ရေး ထိုးပြီး ဒီစာချုပ်ပါတားမြစ်ချက်တွေကို ပြည်တွင်းမှာ သင့်လျှော်တဲ့ ဥပဒေ တရပ်ရေးဆွဲပြီး အကောင်ထည်ဖော် သင့်ကြောင်း၊ ဒီလိုပြစ်မှုကျူးလွန်တာမျိုးတွေကိုလည်း ချက်ချင်း စိစစ်အရေးယူသင့်ကြောင်းလည်း AI ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org