ရတနာပုံတက္ကသိုလ်ကျောင်းသား သုံးဦး ဖမ်းဆီးခံရ

မန္တလေးမြို့မှာ ဧပြီ ၂၉ ရက်နေ့၊ မနေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲက ပြန်လာတဲ့လမ်းမှာ စစ်ကောင်စီတပ်တွေ အိမ်စီးကားနဲ့ တိုက်ဖမ်းတဲ့ အတွက် ရတနာပုံ တက္ကသိုလ်ကျောင်းသား သုံးယောက် ၁၀၇ လမ်းနဲ့ ၆၄ လမ်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ရတနာပုံ တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ပိုင်စွမ်းထက်၊ ရဲထွဋ်နိုင်၊ နိုင်မင်းထွန်း၊ တို့ကို တွေ့ရစဉ် (ဝဲ မှ ယာ)

မန္တလေးမြို့မှာ ဧပြီ ၂၉ ရက်နေ့၊ မနေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲက ပြန်လာတဲ့လမ်းမှာ စစ်ကောင်စီတပ်တွေ အိမ်စီးကားနဲ့ တိုက်ဖမ်းတဲ့အတွက် ရတနာပုံ တက္ကသိုလ်ကျောင်းသား သုံးယောက် ၁၀၇ လမ်းနဲ့ ၆၄ လမ်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ကိုနိုင်မင်းထွန်း၊ ကိုရဲထွဋ်နိုင် နဲ့ ကိုပိုင်စွမ်းထက် တို့ဖြစ်ပါတယ်။

"ကားနဲ့ လိုက်တိုက်ဖမ်းတယ်။ သူတို့နဲ့အတူ ဆိုင်ကယ်တွေ၊ ဖုန်းတွေ ပါသွားတယ်။ အခုတော့ အိုးဘိုထောင် ရောက်နေတယ်လို့တော့ သိရတယ်။ သူတို့ ဘယ်လိုပဲ ဖမ်းနေပါစေ ကျွန်တော်တို့ ဆက်လုပ်စရာရှိတာ လုပ်နေမှာပါ" လို့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတာတွေကို စစ်ကောင်စီက ဖမ်းဆီး၊ ပစ်ခတ်တာတွေလုပ်နေပေမယ့် ပြည်သူတွေဟာ နေ့စဥ်မပြတ် ဆန္ဒပြနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org