ထိုင်း မြန်မာ ဖက်စပ်ဆေးရုံတွေ ဖွင့်လှစ်မည်

မြန်မာနိုင်ငံက မြို့သုံးမြို့မှာ ထိုင်းနဲ့ မြန်မာ ဖက်စပ် ဆေး ရုံတွေနဲ့ ဆေးခန်းတွေ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ဖက်စပ်ဆေးရုံတွေ တည်ဆောက်ဖွင့်လှစ်ရေးအတွက် ထိုင်းနိုင်ငံ သွန်ဘူရီ ဆေးရုံလုပ်ငန်းအုပ်စု နဲ့ မြန်မာနိုင်ငံ အောင်ရွှေထီး ကုမ္ပဏီအုပ်စု တို့ တနင်္လာနေ့ က နားလည်မှု စာချွှန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံက မြို့သုံးမြို့မှာ ထိုင်းနဲ့ မြန်မာ ဖက်စပ် ဆေးရုံတွေနဲ့ ဆေးခန်းတွေ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ဖက်စပ်ဆေးရုံတွေ တည်ဆောက်ဖွင့်လှစ်ရေးအတွက် ထိုင်းနိုင်ငံ သွန်ဘူရီ ဆေးရုံလုပ်ငန်းအုပ်စုနဲ့ မြန်မာနိုင်ငံ အောင်ရွှေထီး ကုမ္ပဏီအုပ်စု တို့ တနင်္လာနေ့က နားလည်မှု စာချွှန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။သဘောတူညီချက်အရ  ရန်ကုန်၊ မန္တလေးနဲ့ ထန်းတစ်ပင်မြို့တွေမှာ သုံးနှစ်အတွင်း ပုဂ္ဂလိက ဆေးရုံတွေ တည်ဆောက် ကြမှာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ထိုင်း ဘတ်ငွေသန်းတစ်ထောင် ကုန်ကျမယ့် ကုတင် (၁၅၀)ဆန့် ဆေးရုံကို ၂၀၁၅ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်ဖို့ ရည်မှန်ထားကြောင်း သွန်ဘူရီ ဆေးရုံလုပ်ငန်းအုပ်စု ဥက္ကဌက ပြောပါတယ်။ အလားတူ မန္တလေးနဲ့ ထန်းတစ်ပင်မြို့တွေမှာလည်းဆေးရုံတွေ တည်ဆောက်မှာဖြစ်ပြီး၊ စုစုပေါင်း သုံးနှစ်အတွင်း ကုန်ကျငွေ ထိုင်းဘတ်ငွေ သန်း ငါးထောင်ကျော် ကုန်ကျမယ်လို့ဆိုပါတယ်။

ဒါ့ပြင် ရန်ကုန်မြို့မှာ ဆေးခန်း ငါးခန်း၊ မန္တလေးမှာ ဆေးခန်း သုံးခန်း၊ ထန်းတစ်ပင်မြို့မှာ ဆေးခန်းနှစ်ခန်းစီလည်း ဖွင့်လှစ်မှာဖြစ်ပါတယ်။အခုအခါ တတ်နိုင်တဲ့ မြန်မာတွေ ထိုင်းကိုသွားပြီး ဆေးဝါးကုသခံနေကြရာမှာ ထိုင်းပုဂ္ဂလိက ဆေးရုံတွေမှာ မြန်မာက ဒုတိယအများဆုံးဖြစ်နေပါတယ်၊ ဒါကြောင့် အခုလို မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်လို့ သွန်ဘူရီ ဆေးရုံလုပ်ငန်းအုပ်စု ဥက္ကဌက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org