စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးလို့ ဒေသခံ ၅၀၀၀ လောက် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကို စက်တင်ဘာလ ၂ ရက် ဒီကနေ့မနက်ကစပြီး စစ်ကောင်စီ ဘက်က အင်အား ၁၀၀ ခန့်လောက်နဲ့ လှည့်လည်စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံ ၅၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် တန့်ဆည်မြို့နယ်ထဲ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာ ၂၀၂၁ သြဂုတ် ၂ ရက်နေ့က တွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကို စက်တင်ဘာလ ၂ ရက် ဒီကနေ့မနက်ကစပြီး စစ်ကောင်စီဘက်က အင်အား ၁၀၀ ခန့်လောက်နဲ့ လှည့်လည်စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံ ၅၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီနေ့မနက်ပိုင်းကတည်းက ကံကလေးကုန်း၊ သစ္စေးပင်လှရွာနဲ့ ကျေးကန်ရွာကဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာ ခန့်မှန်း ၅၀၀၀ လောက်ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီက အဖွဲ့သုံးဖွဲ့နဲ့ ပတ်နေလို့ ရွာအချို့က ဒေသခံတွေ ထွက်ပြေးနေကြရပြီး ကျေးကန်ရွာက ဒေသခံ ကိုရင်ဇော်နဲ့ ကိုကျော်ရွှေတို့ကိုလည်း ဒီမနက်မှာပဲ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တန့်ဆည်မြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်သားတွေပတ်နေတော့ ရွာတွေက ထွက်ပြေးနေကြတာ၊ တချို့ရွာတွေ ရွာလုံးကျွတ်ပဲ၊ ကိုရင်ဇော်နဲ့ ကိုကျော်ရွှေလည်း ထွက်ပြေးရင်းဖမ်းခံလိုက်ရတာ၊ စစ်သားတစ်ဖွဲ့က ကိုရင်ဇော်တို့ အိမ်နားမှာ တပ်စွဲထားတာ၊ အခုကတော့ ထွက်ပြေးနေကြရတော့ ဖုန်းအဆက်အသွယ်တွေလည်း ပြတ်နေကြတယ်” လို့ ဒေသခံက ဆိုပါတယ်။

ဖမ်းဆီးခံရမှာကိုကို စိုးရိမ်လို့ ထွက်ပြေးသွားကြတဲ့ လူမရှိတဲ့အိမ်တွေကို စစ်သားတွေက ဖျက်ဆီးသွားတဲ့အပြင် တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြတယ်လို့ တန့်ဆည်မြို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကလည်း လိပ်ခြံရွာက အရပ်သားပြည်သူ ၁၂ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org