စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ဖမ်းဆီး သွားတဲ့ တောင်ကြီးမြို့ခံ သေဆုံး

ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နှစ်ရက်အကြာ ဒီနေ့မှာ မိသားစုတွေကို အလောင်းလာထုတ်ဖို့ စစ်တပ်က အကြောင်းကြားခဲ့တယ်လို့ ရှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်း သတင်းမှာ ရေးသားဖော်ပြပါတယ်။

တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ သေဆုံးခဲ့တဲ့ ကိုအောင်ပိုင်ထွေး။ Photo: Citizen Journalist

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရိုက်နှက်ဖမ်းဆီးသွားတဲ့ ကိုအောင်ပိုင်ထွေး (၃၀ နှစ်)ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်မှာ သေဆုံးသွားပါတယ်။

ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နှစ်ရက်အကြာ ဒီနေ့မှာ မိသားစုတွေကို အလောင်းလာထုတ်ဖို့ စစ်တပ်က အကြောင်းကြားခဲ့တယ်လို့ ရှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်း သတင်းမှာ ရေးသားဖော်ပြပါတယ်။

မိသားစုက ပြန်ရတဲ့ ကိုအောင်ပိုင်ထွေးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီက ခွဲစိတ်ထားတာကိုလည်း မိသားစုက တွေ့ခဲ့ရပါတယ်။

ကိုအောင်ပိုင်ထွေးဟာ ဧပြီလ ၄ ရက်နေ့ညက တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်နေတာကြောင့် ရပ်ကွက်နေသူတွေက ဝိုင်းဝန်း မီးငြှိမ်းသတ်ပေးနေချိန်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org